ရောင်စုံ သက်တံ့နှင်းဆီ - Rainbow rose
နယ်သာလန်၊
ကိုလံဘီယာ နဲ့ အီကွေဒေါ တို့မှာ စိုက်ပျိုးတဲ့ နှင်းဆီ ဖြစ်ပြီး Rainbow
rose လို့ပဲ အမည်ပေးထား ပါတယ်။ တီထွင်သူကတော့ ဥရောပက Peter van de Werken
အမည်ရ အပင် မျိုးစိတ် ပညာရှင် ဖြစ်ပြီး ၁၉၉၃ ခုနှစ်က ကြိုးစား
ဖန်တီးခဲ့ခြင်း ဖြစ်ပါတယ်။ အရောင်စုံ ရအောင် ရေအစုံ လောင်းခြင်းပါ။
ပင်ကိုင်းထဲကို မိမိ ထွက်စေ ချင်တဲ့ အရောင် ရေကို လောင်းထည့်ရခြင်း
ဖြစ်ပါတယ်။ယင်း လောင်း လိုက်တဲ့ အရည်ကိုလည်း အပင်က ဆုပ်ယူအောင် သေချာ ဖန်တီး စိုက်ပျိုး ရပါသေးတယ်။ အနီရောင်ထွက်ဖို့ အတွက် သေချာ ဖော်စပ် ထားတဲ့ ဓာတု ဓာတ်ပေါင်း အရေ အနီရောင် တစ်မျိုးကို လောင်းပေး ရပါတယ်။
ဒီလိုနဲ့ အရောင် ၇ သွယ် အထိ ထွက်ရှိအောင် စိုက်ပျိုး နိုင်ခဲ့ပြီး ကမ္ဘာ့ ပထမဆုံး သက်တံ့ရောင် နှင်းဆီ အဖြစ် စံချိန်တင်စေ ခဲ့ ပါတယ်။ သူ့ကို ဗင်နီဇွဲလား နှင်းဆီလို့အမည် အမည်တစ်မျိုး မဲ့ခေါ် ပါသေးတယ်။ အရောင် ရောစပ်ထားတဲ့ နှင်းဆီဟာ သာမန် နှင်းဆီ များလောက်တော့ အသက် မရှည်ပါဘူး။
သို့ပေမယ့် စိုက်ပျိုးအောင်မြင်နေတာ ကြောင့် အလှဆုံး နှင်းဆီ တစ်မျိုးအဖြစ် မှတ်တမ်းတင်ခဲ့ ကြ ပါတယ်။ .
No comments:
Post a Comment