ဆေးစွမ်းတစ်လက်နဲ့ ကမ္ဘာ့ ကယ်တင်ရှင်ဖြစ်ခဲ့ သူ Jonas Salk

၁၉၁၄ခု၊
အောက်တိုဘာ ၂၈ ဖွား Jonas Salk ဟာ အမေရိကန် ကို ရွှေ့ပြောင်း နေထိုင် တဲ့
ဂျူးလူမျိုးစုမှ ကြီးပြီးလာသူ ဖြစ်ပါ တယ်။ နယူးယောက် မြို့မှာ နေထိုင်ပြီး
ပညာတွေ သင်ကြားရင်းနဲ့ အရွယ်ရောက်ချိန် မှာတော့ ဆေးပညာ တက္ကသိုလ်ကို
တက်ရောက်ခဲ့ ပါတယ်။ သူဟာ ဇီဝဓာတု ဗေဒကို အထူပြုပြီး ကုသမှုပိုင်း အထက် သုတေ
သန ကို အလေးပေး လေ့လာခဲ့ ပါတယ်။ အမေရိကန် စစ်ပြီး ကာလ ၁၉၄၅ နောက်ပိုင်းမှာ
အမေရိကန် အတွင်း အကြိးမားဆုံး ရောဂါ ဘေးဒုက္ခ အဖြစ် ပိုလီယိုက ဦးဆောင်
လာပါတယ်။ လူဦးရေ ၃ထောင်ကျော်ကို သေဆုံး စေပြီး ၂ သောင်းကျော်ကို ဒုက္ခိတ
ဘဝသို့ ရောက်ရှိစေခဲ့ ပါတယ်။ သေဆုံးမှု နှုန်းတက်လာတော့ Jonas Salk ဟာ
ပိုလီယို ကာကွယ်ဆေး သုတသနေ ပြုလုပ် ရှာဖွေထုတ်ဖော်ရေး အဖွဲ့သို့ ဆက်သွယ်
ပါဝင်ခဲ့ပြီး ၁၉၅၅ ခုနှစ်က ဈေးသက်သာပြီး ကောင်းကျိုး သက်ရောက်မှု များတဲ့
ကာကွယ်ဆေး တစ်မျိုးကို ဆေးဖော်ဆပ် အောင်မြင် သွားခဲ့ ပါတယ်။
ဆေးတိုက်ကျွေးမှု အောင်မြင်ပြီး အမေရိကန်မှာ နျုကလိယ ဗုံးပြီးရင် ဒုတိယ
ကြောက်စရာ အကောင်းဆုံး ဘေးအန္တရယ် သတ်မှတ်ထားတဲ့ ပိုလီယို ဘေးကနေ
လွတ်မြောက်ခဲ့ကြ ပါတယ်။ ပိုလီယို ရောဂါ ကမ္ဘာ အနှံ့ ကူးဆက်ချိန်မှာလည်း
သူ့ရဲ့ ဆေးကြောင့်မို့ အသက်များစွာ ကယ်တင် နိုင်ခဲ့ ပါတယ်။ Jonas Salk ကို
အမေရိကန် အိမ်ဖြူတော် တင်မက ကမ္ဘာ့ အဖွဲ့အစည်း များစွာက ဂုဏ်ပြု ဆုတံဆိပ်
များစွာ ပေးအပ် ခဲ့ပါတယ်။
No comments:
Post a Comment