Friday, May 23, 2014

သက်ရှိများ နေထိုင်နိုင်သောဂြိုလ်ကို တွေ့ပြီ














သက်ရှိများနေထိုင်နိုင်တဲ့ ဂြိလ်ကမ္ဘာတစ်ခုကို အာကာသ သိပ္ပံပညာရှင်များ ရှာဖွေလာတာ ဆယ်စုနှစ်ပေါင်းများစွာရှိပါပြီ။

အလင်းနှစ်ပေါင်း ၄၉၀ ဝေးတဲ့ နေရာမှာ ဒီလိုဂြိုလ်ကမ္ဘာတစ်ခုကို တွေ့ရှိခဲ့ပြီလို့ နာဆာက ကြေငြာခဲ့ပါတယ်။
Nasa Ames သုတေသနစင်တာရဲ့ SETI Institute မှ အာကာသပညာရှင် Elisa Quintana  ဦးဆောင်တဲ့အဖွဲ့တစ်ဖွဲ့က Kepler-186f ဆိုတဲ့ ဒီဂြိုလ်ကို တွေ့ရှိခဲ့တာဖြစ်ပါတယ်။

နာဆာရဲ့ Kepler အာကာသတယ်လီစကုပ်ကနေ ဒီဂြိုလ်ရဲ့အချက်အလက်များကို စုဆောင်းခဲ့တာဖြစ်ပြီး ကမ္ဘာထက် ၁၀ရာခိုင်နှုန်းလောက်ကြီးတဲ့ ဒီဂြိုလ်ဟာ ရေဖွဲ့စည်းဖို့ အကောင်းဆုံး အပူချိန်ရှိတယ် လို့ဆိုပါတယ်။

“ကျွန်တော်တို့ရဲ့ကမ္ဘာဂြိုလ်ကို ဥပမာတစ်ခုအနေနဲ့ ယူမယ်ဆိုရင် ရေဟာ အသက်ရှင်ဖို့အတွက် အတော်လေး အရေးကြီးပါတယ်။ နေစကြာဝဌာရဲ့အပြင်ဘက်မှာ သက်ရှိဘဝကို ရှာဖွေဖို့ ပထမဆုံးအခွင့်အရေးအဖြစ် Kepler 186f က အထောက်အကူ ပြုလာနိုင်ပါတယ်” လို့ ထိုအဖွဲရဲ့ ခေါင်းဆောင်တစ်ဦးဖြစ်သူ ဒေါက်တာ Steve Howell က DailyMail ကို ပြောကြားခဲ့ပါတယ်။

Kepler-186f ဟာ Mပုံသဏ္ဍန် ဂြိုလ်ပုလေးတစ်လုံးကို ဗဟိုပြု လည်ပတ်နေတာဖြစ်ပြီး ဒီကြယ်လေးဟာ ကမ္ဘာဂြိုလ်ရဲ့ နေထက် မှိန်ဖျော့တယ် လို့ဆိုပါတယ်။

No comments:

Post a Comment