Monday, May 26, 2014

မန်မြန်ရောင်းရပါစေ

မန်မြန်ရောင်းရပါစေ

မြန်မြန်ရောင်းရပါစေကျွန်မထံသို့ မတွေ့ကြသည်မှာ ကြာပြီဖြစ် သော ဖြူဖြူဆိုသည့် သူငယ်ချင်း တစ်ဦး ရောက်လာ ပါသည်။ ခရီးရောက် မဆိုက်မှာပင် ဖြူဖြူက အမော တကောလေသံဖြင့် - " ကူညီပါဦး သူငယ်ချင်းရယ်" ဟု ပြောသောကြောင့်
ကျွန်မက - " ဘာတွေဖြစ်လာပြန်တာလဲ" ဟု ပြန်၍မေး လိုက်ပါသည်။ ဖြူဖြူက - " ငါ့အမေ ကိစ္စပါဟယ် ..၊ အမေက နယ်မှာ ရှိတဲ့ခြံကိုရောင်းပြီး အလှူကြီး တစ်ခုလုပ်ချင်လို့တဲ့၊ သူ့ကျန်းမာရေးကလည်း သိပ်ပြီး ကောင်းလှတာ မဟုတ်တော့ အချိန်ရှိသရွေ့ အဲဒီအလှူလုပ်ချင်တဲ့ ဇောပဲ ကပ်နေတော့တာပဲ ..၊ အဲဒီလိုဇောကပ်ခါမှ ခြံကလည်း ရောင်းလို့ကို မထွက်ဘူးဖြစ်နေတယ် ...၊ အဲဒါ ခြံမြန်မြန်ရောင်း ထွက်ချင်လို့ပါဟယ်" ဟု ပြောလေသည်။
ထို့ကြောင့် ကျွန်မကလည်း အဘ မင်းသိင်္ခ သင်ပြပေးသွားသော ထစ်ငေါ့ ကြန့်ကြာနေသော ကိစ္စ များ မြန်ဆန်စေသော အိမ်၊ ခြံ၊ မြေ၊ ကား စသည် တို့ ရောင်းရခက်နေသော အခါ အမြန်ရောင်းရစေ သော နည်းကလေးကိုပင် ပြောပြလိုက်ရပါလေ တော့သည်။
ဟောလစ်ပုလင်း အခွံတစ်လုံးထဲတွင် ပေါက် ပေါက်များထည့်ပါ။ ထိုပုလင်းမှာပင် ထီးဖြူ ကလေး တစ်လက်စိုက်၍ ဘုရားမှာ တစ်ပတ်ခန့် လှူထားရပါ သည်။ နေ့စဉ်ညစဉ် ထိုဟောလစ် ပုလင်းကလေးကို ကိုင်ရင်း မြန်မြန်ဆန်ဆန် ပြီးမြောက်အောင်မြင်ချင် သောကိစ္စကို ဆုတောင်း ရမည်ဖြစ် ပါကြောင်း ...။
Manawmaya Journal

No comments:

Post a Comment