ကားကိစ္စ ဝမ်းသာရပါပြီ
တစ်နေ့တွင် ကျွန်မထံသို့ "ကျွန်တော့်နာမည် က ဦးမြင့်ထွန်းပါ ..." ဟုဆိုကာ အမျိုးသားကြီး တစ်
ဦး ဗေဒင်လာမေးလေသည်။ ကျွန်မလည်း သူ၏ မွေးခုလရက်များကို တွက်စစ်ကာ
ဆောင်ရန်ရှောင် ရန်များကို ပြောပြပေး လိုက်ပါသည်။ ထိုသို့ ဟောပြောပြီးသော
အခါတွင်မှ ထိုဦး မြင့်ထွန်းက -" ကျွန်တော်က လိုင်းကားမောင်းတာ ပါဆရာမ၊ ဒါပေမဲ့ ဆရာမရယ် နေ့တိုင်း မမောင်းရဘူးဖြစ်နေ တယ် ...၊ အခေါက်စား တောင်းပြီးမောင်းနေရတာ ဆိုတော့ ဝင်ငွေက ပုံမှန်မရှိဘူးပေါ့ ဆရာမရယ်၊ မောင်းရတဲ့ ကားကျပြန်တော့လည်း လမ်းမှာ ပျက် ပျက်နေတဲ့ ကားတွေပဲ ဖြစ်နေတယ် ...၊ အဲဒီတော့ ကားကိစ္စအဆင်ပြေစေမယ့် ယတြာလေးလည်း ထပ် ပြီးပေးပါဦး ..." ဟု ပြောပါသည်။
ထို့ကြောင့် ကျွန်မက အသင့် မိတ္တူဆွဲထားသော မယ်တော်ကြီး ဟုခေါ်သည့် တဲရော့ကတ်ပြားနံပါတ်(၂)၏ နောက် ကျောများတွင် " ဦးမြင့်ထွန်း ကားကိစ္စ အဆင်ပြေ ပါစေ" ဟူသော စာများရေးကာ ဖယောင်းတိုင်တွင် ပတ်၍ ပေးလိုက်ရင်း -
" ဟောဒီမှာ ဖယောင်းတိုင်လေးတိုင် ပေး လိုက်တယ် ...၊ အိမ်ကဘုရားမှာ တစ်နေ့ကိုနှစ် တိုင်၊ နှစ်ရက်ဆက်တိုက် မီးထွန်းပူဇော်ပြီး ကား ကိစ္စ ကိုယ်ဖြစ်ချင်တာ ဆုတောင်းလိုက်ပါ ..." ဟု မှာကြားလိုက်ရပါသည်။
တစ်ပတ် တင်းတင်းပြည့်သောနေ့မှာပင် ဦး မြင့်ထွန်းတစ်ယောက် ကျွန်မထံသို့ ရောက်လာပြန် ပြီး ခရီးရောက်မဆိုက်မှာပင် - " ဆရာမတို့ရဲ့နည်းလေးက အရမ်းကို ထူး ခြားတာပါပဲ ဆရာမရယ် ...၊ ကျွန်တော် သိသိ သာသာကို အဆင်ပြေနေပါပြီ ..." ဟု ဝမ်းသာ အားရ ပြောပါလေတော့ သတည်း။

No comments:
Post a Comment