Friday, May 23, 2014

ကမ္ဘာ့ အမြင့်ဆုံး နေရာမှာ ရှိတဲ့ ဟိုတယ်


ကမ္ဘာ့ အမြင့်ဆုံး နေရာမှာ ရှိတဲ့ ဟိုတယ်

hotelပုံမှာ မြင်တွေ့ နေရတဲ့ ဟိုတယ် ဖြစ်ပါတယ်။ အီတလီ နိုင်ငံ အနောက်မြောက် ပိုင်းက Mont Blanc (Blacn တောင်) ပေါ်မှာ ရှိတဲ့ ဟိုတယ် ဖြစ်ပြီးတော့ Bivacco Gervasutti လို့ အမည်ရ ပါတယ်။ Blanc တောင်ဟာ ကမ္ဘာပေါ်မှာ ၁၁ ခုမြောက် အမြင့်ဆုံး တောင် ဖြစ်ပြီးတေ့ ဥရောပ မှာ အမြင့်ဆုံး ဖြစ် ပါတယ်။
ဟိုတယ် တည်ဆောက် ထားတဲ့ နေရာက ပင်လယ်ရေ မျက်နှာပြင် အထက် ၉၃၀၀ ပေ မှာ တည်ရှိပြီး နှင်းမုန်တိုင်း၊ ရေခဲပြိုမှု၊ မြေငလျင်နဲ့ အခြားသော ဘေးအန္တရယ် ပေါင်း များစွာကို ခံနိုင်ရည် ရှိအောင် ဖန်တီး ထား ပါတယ်။ ဟိုတယ်က သေးပြီးတော့ ၁၂ ဦး စာ နေဖို့ အတွက်သာ စီစဉ် ပေးထား ပါတယ်။ နေထိုင်ရန် အခန်း၊ စားသောက်ခန်း၊ အိပ်ခန်း အစရှိသဖြင့် တို့ အစုံအလင် ပါရှိပြီးသား ဖြစ်ပါတယ်။
 တည်ဆောက် ထားမှု တည်ရှိမှုက တောင်စောင်းမှာ ရှိပေမယ့် ကြံခိုင် လုံခြုံ စိတ်ချ ရမှု ကတော့ အံ့မခန်းပါပဲ။ ဟိုတယ် တည်းခိုခ စရိတ်လည်း ဈေးကြီး ပါတယ်။ Ferret Valley  လို့ခေါ်တဲ့ Ferret တောင် ကြားမှာ တည်ရှိနေတာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ သူ့ကို ပင်လယ်ရေ မျက်နှာပြင် အထက် အမြင့်ဆုံးမှာ တည်ရှိတဲ့ ဟိုတယ် အဖြစ် စံချိန် တင်စေ ခဲ့ ပါတယ်။

No comments:

Post a Comment