အာဂျီတီနားနိင်ငံတွင် ကမ္ဘာ့အကြီးမားသော ဒိုင်နိုဆော တွေ့ရှိ
- 26 May 2014
တွေ့ရှိရသမျှ
ဒိုင်နိုဆော ကျောက်ဖြစ်ရုပ်ကြွင်း တွေထဲမှာတော့ အကြီးမားဆုံး ဒိုင်နိုဆော
ပါပဲ။ ထို ဒိုင်နိုဆော မျိုးအသစ်ဟာ အမြင့်အားဖြင့် ၆၅ပေ နဲ့ ၁၃၀ အရှည်ရှိကာ
အလေးချိန် ၇၇ တန် (ပေါင် 155,000) ရှိမယ်လို့ ယုံကြည်ရပါတယ်။
ပုံမှာတွေ့ရတဲ့ အရိုးကနေ ပေးထားတဲ့ အရွှယ်အစားအရ အလွန်ကြီးမားသော
သတ္တ၀ါဖြစ်ကာ ကမ္ဘာ့မှာ လမ်းလျှောက်ခဲ့ကြတယ်လို့ သိရှိခဲ့ကြတဲ့
အကြီးမားဆုံးသတ္တ၀ါဟာ ဒိုင်နိုဆော ဖြစ်ပါတယ် လို့ သုတေသနပညာ၇ှင် Dr. Jose
Luis Carballido နဲ့ Dr. Diego Pol ဟာ BBC ကိုပြောပါတယ်။ ထို Titanosaur လို့ခေါ်တဲ့ အမြှီးရှည်၊ လည်ပင်ရှည် ခေါင်းသေးတဲ့ ဒိုင်နိုဆော့ မျိုးနွယ်ဝင် (Sauropoda) မျိုးနွယ်ထဲမှာပါတဲ့ အမျိုးအစားအုပ်စုကွဲတစ်ခုလို့ အလွန်ကြီးမားလှတဲ့ အရိုးကို ကြည့်ရခြင်းဖြစ် ယူဆနိင်ပါတယ်။ထိုအသစ်တွေ့ထားတဲ့ ဒိုင်နိုဆော အရိုးရဲ့ အလေးချိန်အားဖြင့် (၇ တန်) ရှိပါတယ်။ ထို အမျိုးအစား ဒိုင်နိုဆော တွေဟာ မတ်တပ်ရပ် လည်ပင် ဆန့်လိုက်တဲ့ အခါ မီတာ ၂၀ လောက်ကို မြင့်ကြောင်းကို မတူညီတဲ့ ဒိုင်နိုဆောမျိုးနွယ် ကျောက်ဖြစ်ရုပ်ကြွင်း(၇)ခုကနေ သိရှိရခဲ့ပါတယ်။ ထို ကြီးမားလှတဲ့ အမျိုးအစားရှိတဲ့ တီတာနိုဆော တွေဟာ အပင်စား၊ အရွက်စားသတ္တ၀ါတွေနဲ့ နှစ်ပေါင်း တစ်ရာခန့်က Cretaceous အပိုင်းအခြား တောအုပ်တွေမှာ လိုက်ပါ ကျက်စား နေခဲကြတယ်လို့ ယုံကြည်ရပါတယ်။ ယခုလို ရှာဖွေတွေ့ရှိမူဟာ ကျောက်ဖြစ်ရုပ်ကြွင်း သုတေသန အတွက် တကယ်မှန်ကန်တဲ့ အမှန်တရား ရတနာတစ်ခုပါပဲ လို့ သုတေသနပညာရှင် Carballido ကပြောခဲ့ပါတယ်။
No comments:
Post a Comment