Friday, May 23, 2014

ဘိုးဘိုးကြီးတွေကို တိုင်တည်ပါ

ဘိုးဘိုးကြီးတွေကို တိုင်တည်ပါ

ဘိုးဘိုးကြီးတွေကို တိုင်တည်ပါဤခေတ်ဤအခါတွင် လက်ဖက် ရည်ဆိုင်၊ စားသောက်ဆိုင်၊ မိတ္တူဆိုင်၊ ဖုန်းဆိုင်...စသည်ဖြင့် ဈေးဆိုင်တွေ များလှပါသည်။ အပြိုင်အဆိုင်တွေက လည်း ပျော်စရာကောင်းလောက်အောင် များလွန်း လှပါတော့သည်။
ထိုသို့ အပြိုင်အဆိုင် ပျော်ပျော် ပါးပါးကြီး ရောင်းကြရင်း မိမိတို့ဈေးဆိုင် တွေမှာ အရောင်းသွက်၊ ဖောက်သည် ပေါများအောင် ဘိုးဘိုးကြီးများအား လှူ ဒါန်းတိုင်တည်သောနည်းကို ရေးပြလိုက် ရပါသည်။
လင်ပန်းတစ်ချပ်တွင် နှမ်း၊ ကြက် သွန်ကြော် စသည်တို့ အစုံအလင်ပါသည့် လက်ဖက်(၅)ပုံ ပုံပါ။ သောက်တော်ရေ (၅)ခွက်၊ ဖယောင်းတိုင်(၅)တိုင်၊ အမွှေး တိုင်(၅)တိုင်လည်း ထည့်ပါ။ ရန်ကုန်ဒေသမှ မိတ်ဆွေများဆို လျှင် ဆူးလေဘိုးဘိုးကြီး၊ သန်လျင်ဘိုး ဘိုးကြီး၊ မှော်ဘီဘိုးဘိုးကြီး၊ ရွှေတိဂုံဘိုး ဘိုးကြီး၊ ဗိုလ်တထောင်ဘိုးဘိုးကြီးတို့အား ရည်စူး၍ လှူဒါန်းပြီးတိုင်တည်ဆုတောင်း ရပါသည်။
အခြားသောနယ်များမှ မိတ်ဆွေ များဆိုပါလျှင်လည်း မိမိတို့ဒေသအလိုက် ဆိုင်ရာဆိုင်ရာ ဘိုးဘိုးကြီးများအား ရည် စူးလှူဒါန်း၍ ဆုတောင်းကြခြင်းအားဖြင့် အခြားသော ဆိုင်ပြိုင်လုပ်ငန်းပြိုင်များထက် ပျော်ပျော်ကြီး ရောင်းချရကာ လာဘ်လာ ဘများ ပွင့်လန်းစေလိမ့်မည်ဖြစ်ပါသည်။

Manawmaya Journal

No comments:

Post a Comment