Monday, May 26, 2014

တရုတ်ပြည်က အလှဆုံး ကြိုးတံတား Aizhai

တရုတ်ပြည်က အလှဆုံး ကြိုးတံတား Aizhai

China beautiful bridge
Aizhai လို့အမည်ရတဲ့ ကြိုးတံတား ဖြစ်ပါတယ်။ တရုတ်ပြည်နယ် တောင် အလယ်ပိုင်းမှာ တည်ရှိပြီး ကမ္ဘာ့ ၆ ခုမြောက် အမြင့်ဆုံး တံတားနဲ့ ကမ္ဘာ့ ၁၅ ခုမြောက် အရှည်ဆုံး ကြိုးတံတား အဖြစ် စံချိန် တင်ထား ပါတယ်။ တံတား အရှည်က ပေ ၃၇၆၀ ရှိပြီး မီတအားဖြင့်က ၁၁၄၆ ပါ။ အမြင့် ကတော့ ပေ ၁၁၅၀ ရှိပါတယ်။ လိုဏ်ဂူမှ လိုဏ်ဂူ ဆက်သွယ်တဲ့ တံတား ထဲမှာ ကမ္ဘာ့အရှည်ဆုံး တံတားအဖြစစ်လည်း စံချိန် တင်ထားပါတယ်။ ၂၀၀၇ ခုနှစ် အောက်တိုဘာလက စတင် တည်ဆောက်ပြီး ၂၀၁၁ ခုနှစ် နှစ်ကုန်မှာ တည်ဆောက်ပြီးစီး ပါတယ်။ စုစုပေါင်း ကုန်ကျစရိတ်က အမေရိကန်ဒေါ်လာ ၂၀၈ သန်းပါ။ မီးလုံးပေါင်း ၁၈၈၈ လုံးကို ညအခါ ထွန်းရတဲ့ အတွက် အသုံးပြုရင်လည်း ကုန်ကျစရိတ်ကြီးတဲ့ တံတား ဖြစ်ပါတယ်။ Aizhai Bridge ဟာ တရုတ်ပြည်ရဲ့  အလှဆုံး ကြိုးတံတား တစ်ခု အဖြစ် လည်း သတ်မှတ် ထားကြကြောင်း သိရပါတယ်။

No comments:

Post a Comment