Saturday, June 28, 2014

MiniTool Partition Wizard Professional Edition 8.1.1 Full + Keygen ဒေါင်းရန်

MiniTool Partition Wizard Professional Edition 8.1.1 Full + Keygen ဒေါင်းရန်




မင်္ဂလာပါဗျာ.. ဒီဆော့ဝဲလ်လေးကတော့ MiniTool Partition လေးပါ.. တနည်းအားဖြင့်ပြောရရင် partition Manager ဆော့ဝဲလ်ပါ. Hard Disk တွေကို Resize Partition, Move Partition, Merge Partition, Extend Partition, Split Partition, Change Cluster Size, Copy Partition, Copy Disk, Create, Delete and Format partitions, Convert and Explore partitions, Hide and Unhide partitions, Convert Dynamic Disk to Basic Disk အပြင်အခြားလုပ်ဆောင်ချက်တွေလည်းရှိပါသေးတယ်.. လိုအပ်တဲ့သူများရှိရင် အောက်ကလင့်မှာ ဒေါင်းယူသွားလိုက်ပါဗျာ အဆင်ပြေကြပါစေနော်.. :D 


Download Link>>> ( Zippyshare :: Miloshare :: TusFiles )

Merge two adjacent partitions

Merge two adjacent partitions

This is an example to merge partition D and F, please follow the steps below:
Step 1: Download EaseUS Partition Master, install it, launch it and go to the main screen.
Step 2: Select partition F:, right click it, and then select Merge partition.
Select Merge partition
Step 3: In this Merge partition window, you should first choose two neighbour partitions: Partition D: and F: in the partition layout.
Select partitions to merge
Step 4: Choose the merge destination: partition D: by selecting a partition label in the drop-down list of "Merge selected partitions to".
Select partition you merge to
Step 5: Click OK, the program will check file system on the partitions.
Step 6: Click Apply, you have successfully merged the partition F into partition D.
Merge partitions
Tips:
1. System partition and boot partition can only be set as destination, the same to the partition installed EaseUS Partition Master.
2. Only two neighbour partitions can be merged.

Merge two non-adjacent partitions

For example, your computer has four partitions - C, D, E, F. Now C is low disk space while E has much free space. How to merge partition E into partition C to increase system partition (C:) disk space? Following is step-by-step instructions to merge partition E to partition C with EaseUS Partition Master.
1. Backup the data on the partition E.
2. Install this partition software and launch it.
3. Delete the partition E with EaseUS Partition Master.
Delete partition E
Delete partition E
4. Move the partition D rightwards to let the unallocated space be behind the partition C by "Resize/Move partition".
Move partition D
Move partition D
5. Select the partition C and right click it, select "Resize/Move partition" to extend the partition C.
Extend partition C
6. Click Apply. Now you have merged partition E into partition C.
Move partition D

Related Articles:

Thursday, May 29, 2014

ဂျပန်နိုင်ငံ၊ တိုကျိုဖက်ရှင်ရှိုးပွဲမှာ မော်ဒယ်တွေ ဒေါင်လိုက် Catwalk လျှောက်ပြခဲ့










ဂျပန်နိုင်ငံ၊တိုကျိုမြို့ ဈေးဝယ်စင်တာတစ်ခုကို လာရောက်လည်ပတ်ဝယ်ယူသူတွေဟာ ကမ္ဘာ့ဆွဲငင်အားကို ဆန့် ကျင်တဲ့ ဖက်ရှင်ရှိုးတစ်ခုကို တွေ့ မြင်ခဲ့ရပါတယ်။ Gucci ၀တ်စုံ ၀တ်ဆင်ထားတဲ့ မော်ဒယ်တွေဟာ ၄၂ မီတာမြင့်တဲ့ အဆောက်အဦးမျက်နှာစာမှာ ချထားတဲ့ လျှောက်လမ်းပေါ်မှာ ဒေါင်လိုက် Catwalk လျှောက်ပြ ခဲ့ကြပါတယ်။ မော်ဒယ်တွေရဲ့ ခန္ဓာကိုယ်မှာ ကြိုးတွေနဲ့ ချိတ်ဆွဲပြီး ဒေါင်လိုက် အထက်အောက် အလှလျှောက်ပြ ခဲ့တာပါ။

ဒီအစီအစဉ်ကို Shogakukan Inc. က ဦးစီးကျင်းပတာဖြစ်ပြီး Gucci ရဲ့ ဈေးကွက်မြှင့်တင်ရေး ဖက်ရှင်မဂ္ဂဇင်းဖြစ်တဲ့ Precious ရဲ့ ဆယ်နှစ်ပြည့်အထိမ်းအမှတ်အနေနဲ့ ကျင်းပခဲ့တာဖြစ်ပါတယ်။

Precious ရဲ့ အယ်ဒီတာချုပ် Fukashi Suzuki က အသက် ၄၀ ကနေ ၅၀အရွယ် စာဖတ်ပရိတ်သတ် အမျိုးသမီးတွေရဲ့ ဖက်ရှင်ပိုင်းဆိုင်ရာရွေးချယ်မှုတွေမှာ ပိုမိုရင်ခုန်စရာတွေပြည့်နှက်အောင် အားပေးဖို့  အိုင်ဒီယာကို ရခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

ဒါဟာ လေထဲမှာ ပြုလုပ်တဲ့ ဂျပန်နိုင်ငံရဲ့ ပထမဆုံးဖက်ရှင်ရှိုးပွဲလည်းဖြစ်ပါတယ်။

မြစ်ကြီးနားမြို့ပေါ်တွင် ပြင်းအား ၅ ဒသမ ၉ အဆင့်ငလျင်လှုပ်

မြစ်ကြီးနားမြို့ပေါ်တွင် ပြင်းအား ၅ ဒသမ ၉ အဆင့်ငလျင်လှုပ်

မြစ်ကြီးနားမြို့ပေါ်တွင် ပြင်းအား ၅ ဒသမ ၉ အဆင့်ငလျင်လှုပ်ယနေ့နံနက် ၇ နာရီ ၅၁ မိနစ်က မြစ်ကြီးနားမြို့ပေါ်တွင် ပြင်းအား ၅ ဒသမ ၉ အဆင့်ရှိ ငလျင်လှုပ်ခတ် သွားကြောင်း သတင်း ရရှိသည်။ အဆိုပါ ငလျင်ကြောင့် ဒေသတွင်းပျက်စီး ဆုံးရှုံးမှုမရှိကြောင်း ကချင်ပြည်နယ် အစိုးရ အဖွဲ့ရုံး၊ လူမှုဌာနမှသတင်းရရှိပြီး လှုပ်ခတ်ချိန် ၁၅ စက္ကန့်နီးပါးကြာခဲ့ပြီး အဆောက် အအုံများ သိသိသာသာ လှုပ်ခဲ့ ကြောင်း ပြည်နယ်ရဲတပ်ဖွဲ့ ရဲအုပ်အောင်မျိုးနိုင် ကပြောသည်။
‘‘မြို့ပေါ်မှာရော နယ်ဘက်တွေမှာပါ ပျက်စီးမှုရော၊ လူတွေ ဒဏ်ရာရတာမျိုး မရှိပါဘူး။ အခုတင် သတင်းတက်လာပါတယ်။ ကျွန်တော်တို့လည်း အထက်ကိုဆက်တင်ဖို့ လုပ်နေပါတယ်’’ဟု ရဲအုပ်အောင်မျိုးနိုင်ကပြောသည်။ အဆိုပါငလျင်ကို မန္တလေးမြေငလျင် စခန်းမှ ၂၃၅ မိုင်အကွာ မြစ်ကြီးနားမြို့ အရှေ့တောင်ဘက် ၃၈ မိုင်အကွာကို ဗဟိုပြု၍ ရစ်ခ်ျတာစကေး ၅ ဒသမ ၉ အဆင့်ဖြင့်လှုပ်ခတ်သွားခဲ့ကြောင်း မိုး/ဇလဌာန မြေငလျင်ဌာနက သတင်းထုတ်ပြန်ခဲ့သည်။
အမေရိကန်နိုင်ငံ အခြေစိုက် မြေငလျင်တိုင်း တာရေးဌာန (USGS) က တရုတ်နိုင်ငံ ယူနန်ပြည်နယ် ပန်ယွမ်မြို့မြောက်ဘက် ၁၈ မိုင်အကွာကိုဗဟိုပြု၍ မြေအနက် ၁၀ ကီလိုမီတာမှာ လှုပ်ခတ်ခဲ့ ကြောင်းသတင်းထုတ်ပြန်ခဲ့သည်။ ပညာရပ်ဆိုင်ရာ တိုင်းတာချက်များ အရ မြေပြင်အနက် ၁ ကီလိုမီတာမှ ၃၀ ကီလိုမီတာကြားတွင် လှုပ်ပါက အန္တရာယ်ရှိအဆင့်သတ်မှတ်ထားသောကြောင့် မြန်မာ-တရုတ်နယ်စပ်တွင် ယနေ့နံနက် လှုပ်ခတ်သည့်ငလျင်သည် ပတ်ဝန်းကျင် ဒေသများအတွက် အန္တရာယ်များကြောင်း ငလျင်ပညာရှင် ဦးစိုးမင်းက သတိပေးသည်။
အဆိုပါ ငလျင်သည် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံ နယ်စပ်တွင် အနောက်မြောက်ဘက်မှ အရှေ့တောင်ဘက်အတိုင်း သွယ်တန်းနေသော Red River ဟုခေါ်သည့် ပြတ်ရွေ့ကြော လှုပ်ရှားခြင်းဖြစ်ပြီး မြန်မာနိုင်ငံရှိ စစ်ကိုင်းပြတ်ရွေ့ကြောနှင့် ယှဉ်တန်း လျက်တည် ရှိနေကြောင်း ဘူမိဗေဒပညာရှင် ဦးကျော်ထွန်းကပြောသည်။ မေလ ၂၄ ရက် နံနက်ကလည်း မြစ်ကြီးနားမြို့၏ အရှေ့တောင်ဘက် ၄၅ မိုင်ခန့် အကွာကို ဗဟိုပြု၍ အင်အားရစ်ခ်ျ တာစတေး ၅ ဒသမ ၅ အဆင့်ရှိ အင်အား အသင့်အတင့်ရှိသော မြေငလျင် တစ်ခု လှုပ်ခတ်သွားခဲ့ပြီး နယ်စပ်တစ်လျှောက် နောက်ဆက်တွဲ ငလျင်များ လှုပ်ခတ်နေပါက သတိပြုရန်လို အပ်နေကြောင်း မြန်မာနိုင်ငံ ငလျင်ကော်မတီမှ ဒေါက်တာစိုးသူရထွန်းကပြောသည်။

ဈေးခြင်းတောင်းကပြောတဲ့ ကျွန်ုပ်တို့ အိမ်ရဲ့ကျန်းမာရေး













ဒီနေ့ကစပြီး အမေဈေးက ပြန်လာပြီဆိုရင် ဈေးခြင်း တောင်းကို ကြည့်ဖြစ်အောင် ကြည့်ပါ။ အမေကတော့ ငါ့ယောင်္ကျား ငါ့သား ငါ့သမီး တွေကို ထမင်းစားကောင်းအောင် အသားတွေ အများကြီး ဝယ်လာရင် ဝယ်လာခဲ့ လိမ့်မယ်။

အမေက ဖေ့ဖွတ် မသုံးတော့ ကျန်းမာရေး ဗဟုသုတ နည်းနေရင် နည်းလိမ့်မယ်။ ဒါကြောင့် အမေကို ပြောပါ။ နောက်နေ့ ကစပြီး အသားငါးတွေ ဝယ်တာကို လျော့ပြီး အသီးအရွက်တွေကို များများ
ဝယ်ခဲ့ပါလို့။ အသီးအရွက် တွေက ဆေးတွေနဲ့ လုပ်ထားလို့ မသန့်ရှင်းဘူး ဆိုရင် ရှာလကာရည် အနည်းငယ်နဲ့ ရေစင်အောင် ဆေးကြောပြီး စားပါ။

ညဘက်အိပ်ခါနီး အချိုရေတွေ မုန့်တွေစားမယ့် အစား အသီး အရွက်များ ကိုသာ မှီဝဲပေး ခြင်းကြောင့် စာဖတ်သူတို့ မိသားစုလေး သိသိသာသာ ကျန်းမာရေး ကောင်းလာမှာ ဖြစ်ပါတယ်။ ရှေ့ဆက်ပြီး ဘဝအတွက် အရေးကြီးတဲ့ အလုပ်တွေ လုပ်ဖို့ ကျန်နေသေးတယ် ဆိုရင် ကျန်းမာရေးကို ဂရိုစိုက်ပါ

အာဖရိကမှ ရွှံ့ဖြင့်ပြုလုပ်ထားသော ဗိလျက်ခုံ

အာဖရိကမှ ရွှံ့ဖြင့်ပြုလုပ်ထားသော ဗိလျက်ခုံ


အာဖရိကမှ ရွှံ့ဖြင့်ပြုလုပ်ထားသော ဗိလျက်ခုံယခုပုံကတော့ နိုင်ငံခြား လူမူကွန်ရက် တစ်ဝိုက်မှာ ပျံ့နှံ့ပြီး လူကြည့်များနေတဲ့ ပုံတစ်ပုံ ဆိုလည်း မှားမယ် မထင်ပါဘူး။
ဘာလို့ဆိုတော့ အာဖရိကနိုင်ငံ တစ်နေရာမှ ရွာသူရွာသား တွေဟာ ဗိလျက်ခုံကို ရွှံများဖြင့် ပြုလုပ်ခဲ့ကြ လို့ပါပဲ။ ဗိလျက်ခုံ အောက်ခံကိုတော့ ဝါး သစ်သား စတာတွေနဲ့ ပြုလုပ်ထားပြီး ဗိလျက်လုံး တွေကတော့ သစ်သီးတွေပဲ ဖြစ်ပါတယ်။
ဗိလျက်ခုံဟာ အမြင်မှာတော့ ကြည့်မကောင်း ပေမယ့်လည်း သူတို့ အတွက်ကတော့ တကယ့် ပျော်ရွှင်စရာ ကစားတစ်ခု ဖြစ်မယ် ထင်ပါတယ်။ လူတွေဟာ မိမိတို့ဘဝအတွက် ပျော်ရွှင်မူတွေကို မရရအောင် ရှာဖွေပြီး နေထိုင် တတ်ကြပါတယ်။

ကမ္ဘာ့ အရည်အချင်း အပြည့်ဝဆုံး နိုင်ငံ ခေါင်းဆောင်


 
ပညာ အရည်အချင်း -

၁။ အန္ဒိယ Punjab University တွင် အမှတ်အများဆုံးဖြင့် BA(Hons) ရရှိခဲ့ (၁၉၅၂ခုနှစ်)

၂။ အန္ဒိယ Punjab University တွင် MA(Economics) ကို အမှတ်အများဆုံးဖြင့် ဆက်လက် ရယူခဲ့ (၁၉၅၄)

၃။ St. Johns College Cambridge တွင် သူ၏ ထူးချွန်ထက်မြတ်မှုကြောင့် Wright’s prize ရရှိခဲ့ (၁၉၅၅)

၎။ ၁၉၅၇ ခုနှစ်တွင် ယင်းကဲ့သို့ အလားတူ အသိမှတ်ပြု ဆုမှတ်တမ်းလွှာ ရရှိခဲ့။ (ယင်းဆုဟာ သုတေသန စာတမ်း၊ စာအုပ် များကို တက္ကသိုလ်သို့ ပေးပို့ စစ်ဆေးစေပြီး ရွေးချယ်ပေးအပ်တဲ့ ဆုမှတ်တမ်းလွှာ ဖြစ်ပြီး ကမ္ဘာပေါ်မှာ ရရှိသူ နည်းပါတယ်။)

၅။ Oxford တက္ကသိုလ်တွင် စိတ်ပညာ ဒေါက်တာဘွဲ့ ရရှိ၊ ဆက်လက်ပြီး Honoris causa တက္ကသိုလ်တွင် D.Litt (Doctor of Letters) ဒေါက်တဘွဲ့ ရရှိ။

အလုပ် အတွေ့အကြုံ -

၁။ စီးပွားရေး မေဂျာ အကြီးတန်း ကထိက (၁၉၅၇-၁၉၅၉)

၂။ Reader Economics (၁၉၅၉-၁၉၆၃)

၃။ စီးပွားရေး မေဂျာ ပါမောက္ခ (Punjab University) (၁၉၆၃-၁၉၆၅)

၎။ ကုလသမဂ္ဂတွင် အရာရှိ အဖြစ် ဝင်ရောက် လုပ်ကိုင် (၁၉၆၆-၁၉၆၉)

၅။ International Trade Delhi School of Economics တွင် ပါမောက္ခ အဖြစ် စာသင်ကြားပေး (၁၉၆၉-၁၉၇၁)

၆။ စီးပွားရေး အကြံပေး (၁၉၇၂-၁၉၇၆)

၇။ Jawahar Lal Nehru University တွင် ပါမောက္ခ (၁၉၇၆)

၈။ အိန္ဒိယး ဗဟိုဘဏ်၏ အမှုဆောင် အရာရှိ (၁၉၈၂-၁၉၈၅)

၉။ စီမံကိန်း ကော်မရှင် လက်ထောက် ဥက္ကဌ (၁၉၈၅-၁၉၈၇)

၁၀။ ကုလသမ္မဂ လက်ဆောင် South Center အဖွဲ့၏ အထွေထွေ အတွင်းရေးမှူး (၁၉၈၇-၁၉၉၀)

၁၁။ အိန္ဒိယ ဝန်ကြီးချုပ်၏ စီးပွားရေး အကြံပေး (၁၉၉၀-၁၉၉၁)

၁၂။ အိန္ဒိယ ဘဏ္ဍာရေး ဝန်ကြီး (၁၉၉၁-၁၉၉၆)

၁၃။ အန္ဒိယ ပါလီမန် အထက်လွတ်တော် အဖွဲ့ အတိုက်အခံ ခေါင်းဆောင် (၁၉၉၈-၂၀၀၄)

၁၄။ အန္ဒိယ ဝန်ကြီးချုပ် (၂၀၀၄-၂၀၁၄)

ပညာ အရည်အချင်းအရကော၊ အလုပ် အတွေ့အကြုံအရကော ပြောစရာ မရှိအောင် ပြည့်စုံနေတဲ့ မာမိုဟန်ဆင်းဟာ ကမ္ဘာ့ ခေါင်းဆောင်ကြီးများ က ပြန်လည် အရိုသေပြု လေးစားရတဲ့ ခေါင်းဆောင် တစ်ဦး ဖြစ်ကြောင်း သိရ ပါတယ်။

ယခု လက်ရှိ အိန္ဒိယ နိုင်ငံရဲ့ ဝန်ကြီးချုပ် အဖြစ် တာဝန်ထမ်းဆောင်နေတဲ့ အသက် ၈၁ နှစ်အရွယ် Manmohan Singh (မာမိုဟန်ဆင်း) ဟာ ကမ္ဘာပေါ်မှာ အရည်အချင်း အပြည့်အဝဆုံး နိုင်ငံခေါင်းဆောင် အဖြစ် စံချိန်တင်ထား ပါတယ်။

ဝမ်းချုပ်ခြင်းအတွက်နည်းလမ်းကောင်းများ














“၀မ်းတစ်လုံးကောင်းရင် ခေါင်းမခဲ ” ဆိုတဲ့စကားအတိုင်း၊ နေ့ တဓူဝ ပါးစပ်မှသွင်းလာသော အစာသစ်များကို ခနာကိုယ်က အာ ဟာရအဖြစ်စုပ်ယူပြီးနောက် မလိုလားအပ်သောအစာဟောင်းများကိုမစင်အဖြစ် အနည်းဆုံးတစ်နေ့  ၁-ကြိမ်မျှ စွန့် ထုတ်ပေးမှ သာ ကျန်းမာရေးနဲ့  ညီညွတ်စေမှာပါ။ အချို့ သူများက ၂-ရက် ၁-ခါသာ ၀မ်းသွားလေ့ရှိပြီး ထို့ ထက်ပို၍၀မ်းမသွားခြင်းကိုတော့ ၀မ်းချုပ်တယ်လို့ ခေါ်ပါတယ်။ စားသောက်မှုစံနစ်မကျခြင်း၊ အိပ်ချိန်မမှန်ခြင်း၊ အထိုင်များ၍ကိုယ်လက်လှုပ်ရှားမှုနည်းခြင်း၊ ရေ သောက်နည်းခြင်း စသည်တို့ ကြောင့် အရွယ် ၃-ပါးမရွေး ၀မ်းချုပ်နေကြပါတယ်။ ၀မ်းသွားချင်စိတ်ရှိတာကို လစ်လှူရှုမထားဘဲ၊ အချိန်ပေး၍ အိမ်သာတက်တဲ့ အကျင့်ကိုမွေးမြူရပါမယ်။ ၀မ်းချုပ်တာကြာလာတာနဲ့ အမျှ စမျဉ်းခံလာပြီး အတင်းအားစိုက်၍ ညှစ်ထုတ်ရခြင်းကြောင့် လိမ်ခေါင်းရောဂါ၊ စအိုကွဲခြင်း စတဲ့ နောက်ဆက်တွဲဝေဒနာတွေဖြစ်စေပါတယ်။ ဒါတွေကြောင့်လည်းဝမ်းချုပ်စေနိုင်……

(၁) မူးယစ်ဆေးဝါးသုံးစွဲသူများ၊ aspirin နှင့် ibuprofen စတဲ့ အကိုက်အခဲပျောက်ဆေးဝါးများ၊ ကယ်လ်စီယမ် နဲ့ သံဓာတ်အား ဆေးများက ၀မ်းချုပ်စေပါတယ်။

(၂) ၀မ်းသွားခြင်းအတွက် ၀မ်းပိတ်ဆေးများစွာသောက်သုံးခြင်းကြောင့်လည်း ခေတ္တ၀မ်းချုပ် သွားစေပါတယ်။

(၃) နွားနို့ က၀မ်းမချုပ်စေပါဘူး။ သို့ သော် နွားနို့ ကို ပြန်လည်ပြုပြင်ထားသော ချိစ်၊ ဒိန်ခဲစတဲ့ နို့ ထွက်ပစ္စည်း များနဲ့  အဆီဓာတ်များသော အသားတို့ က အစာမကျေဝမ်းချုပ်ခြင်းကိုဖြစ်စေပါတယ်။

(၄) ရင်ပူခြင်းကို ပျောက်စေတဲ့ Antacids ဆေးဝါးများ၊ သွေးကျဆေးများ၊ Antihistamines ဓာတ်ပါသော ယားနာပျောက်ဆေးများ၊ စိတ်ကျဝေဒနာသည်များနဲ့  စိတ်ကျ ခြင်းကိုကုသပေးတဲ့ Antidepressant ဆေးဝါးများ က ၀မ်းချုပ်စေလို့  အမျှင်ဓာတ်များသောအစားအစာများစားရင်း ရေများများ သောက်ပေးပါ။

(၅) Crohn’s disease(ခေါ်)အစာချေလမ်းကြောင်း နာတာရှည်ရောဂါများ နဲ့  ulcerative colitis(ခေါ်)အူမကြီး အမြှေးယောင်ရမ်းခြင်းကြောင့် ၀မ်းချုပ်စေပါတယ်။

(၆) အမျိုးသမီးများ ရာသီလာစဉ်ကာလများ၊ ကိုယ်ဝန်ဆောင်ချိန်များနဲ့  ကလေးမီးဖွားပြီးစအချိန်များမှာ ၀မ်းချုပ်လေ့ရှိပါတယ်။

(၇) ဆီးချိုရောဂါက အာရုံကြောများကို ပျက်စီးသွားပြီး အစာကိုကောင်း စွာ မချေဖျက်နိုင်တော့ဘဲ ၀မ်းချုပ်လာစေပါတယ်။

(၈) လည်ပင်းအကျိတ်ဂလင်း ရောဂါတစ်မျိုးဖြစ်တဲ့ Hypothyroid က ခနာ ကိုယ်ရဲ့  ဇီဝကမ္မဖြစ်စဉ်ကို နှေးကွေးစေကာ ၀မ်းချုပ်ခြင်းကိုဖြစ်စေပါတယ်။

(၉) ချောကလက်လျော့စားပါ။ ၂၀၀၅ ခုနှစ်တွင် အ မေရိကန်နိုင်ငံ ဆေးသုတေသီများက နာတာရှည်ဝမ်းချုပ်သူများကို လေ့လာစမ်းစစ်တဲ့အခါ ချောကလက်စားသုံးမှုများသူတွေမှာ ပိုမိုဝမ်းချုပ်စေကြောင်း လေ့လာတွေ့ ရှိခဲ့ပါတယ်။

(၁၀) အသင့်စား အစားသောက်များ၊ အကြော်အလှော်များက ၀မ်းချုပ်စေပါ တယ်။

(၁၁) ကော်ဖီ နဲ့ လ္ဘက်ရည်ဖြတ်ပါ။

(၁၂) ဆေးလိပ်နဲ့ အရက်များ မသောက်ပါနဲ့ ။

ဒ်ီလိုသက်သာအောင်လုပ်လို့ ရ…………..
(၁) နံက်အိပ်ယာထ သောက်ရေ ၃-ခွက် ဆက်တိုက်သောက်ပေးခြင်းက အူတွေကိုအလုပ်လုပ်စေလို့ ဝမ်းသွားစေပါတယ်(နေ့  စဉ် ရေ ၈-ခွက်မှ ၁၀-ခွက်အထိ သောက်တဲ့အကျင့်ကိုမွေးမြူပါ)
( ၂) (သံပုရာသီးကလည်း ၀မ်းချုပ်ခြင်းမှသက်သာစေလို့  နံက် အိပ်ယာထ အစာမစားခင်မှာ ရေနွေး ၁-ဖန်ခွက်ထဲကို သံပုရာသီး ၁-လုံးညှစ်ပြီး၊ ပျားရည်လ္ဘက်ရည်ဇွန်း ၁-ဇွန်း နဲ့ ဆားအနည်း ငယ်ဖျော်၍သောက်ပါ။

(၃) ပဲသီး၊ ဟင်းနုနယ်စတဲ့ အစိမ်းရောင်ဟင်းသီးဟင်းရွက်များနဲ့  လိမ္မော်သီး၊ သစ်တော်သီးကဲ့သို့  အရည်ရွှမ်းပြီး အမျှင်များတဲ့သစ်သီးများစားပါ။

(၄) အမျှင်ဓာတ်ပေါများသော ဂုဏ်လျှော်စေ့က အစာကျေစေပြီး ၀မ်းချုပ်ခြင်းကို သက်သာပျောက်ကင်းစေပါတယ်။

(၅) နွားနို့ ပူပူသောက်ခြင်းက အူမကြီးကို ကောင်းစွာလှုံ့ ဆော်ပေးတာကြောင့် ၀မ်းမချုပ်စေ တော့ပါဘူး(သို့ မဟုတ်)ညအိပ်ယာဝင်ခါနီး နွားနို့ ပူပူထဲမှာ ထောပတ်ကို လ္ဘက်ရည်ဇွန်း ၁-ဇွန်းပမာဏခပ်၍ သောက်ခြင်းဖြင့် နံက်ပိုင်း ရှောရှောရှုရှု ၀မ်းသက်စေပါတယ်။

(၆) နံက်စောစော ၁၅-မိနစ်ခန့် လမ်းသွက်သွက်လျှောက်ခြင်းက အူများကိုလှုပ်ရှား ကာ ၀မ်းသွားစေပါတယ်။

(၇) သဖန်းသီး၊ ပဲကတ္တီပါ၊ မြေပဲ၊ စွန်ပလွန်သီး၊ ပဲပင်ပေါက်စားပေးပါ။

(၈) မာလကာသီး(အူနီ) အမှည့် ကလည်း ၀မ်းချုပ်ခြင်းကိုသက်သာစေပါတယ်။

(၉) ကြံရည်၊ ခရမ်းချဉ်သီး နဲ့  beet root(ခေါ်)သကြားမုန်လာဥ(ခေါ်)သွေးရောင် ကဲ့သို့ မုန်လာဥနီအလုံး တို့ ကလည်း ၀မ်းသက်စေလို့ စားပေးပါ။

(၁၀) နံက်တိုင်း သင်္ဘောသီးမှည့်မှည့်စားပါ။

(၁၁) ပန်းသီးက လည်း ၀မ်းချုပ်ခြင်းကို ကောင်းကျိုးပြုတဲ့အတွက် တနေ့ ၂-လုံး မှန်မှန်စားသင့်ပါတယ်။

(၁၂) အရွက်မှာအမွှေးလေးတွေပါတဲ့ ကုလားမြင်းခွာရွက်ပင်၏ အပွင့်ကိုသကြားနဲ့ ကြိတ်၍စားပါ။

(၁၃) ကြက်ဟင်းခါးသီးကို သောက်ရေ၊ ဆားတို့ နဲ့ စိမ်ပြီးသောက်ပါ။

(၁၄) ကြက်ဟင်းခါးသီးကို ရေနံဆီဖြင့်စိမ်၍ ၀မ်းဗိုက်ကိုလိမ်းပေးပါ။

(၁၅) ကြိတ်မှန်ရွက် ၂၅-ကျပ်သားကို ထန်းလျက် ၁၀-ကျပ်သား၊ အရည်ညှစ်ပြီးသောရှောက်သီးဖတ် ၁၀-ကျပ်သား၊ ပါးပါးလှီးထားတဲ့ကြက်သွန်နီ ၁၀-ကျပ်သား၊ စမုံမျိုး ၅ပါးကိုအမှုန့်  ၂-ပဲစားစီတို့  ဖြင့် ရောချက်ထားသော ကြိတ်မှန်ရွက်ယိုကို လ္ဘက်ရည်ဇွန်း ၁-ဇွန်းခန့်  တနေ့  ၃-ကြိမ်စားပေးပါ။



မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
 
 

နှုတ်ခမ်းသားညိုလို့ စိတ်မညစ်နဲ့တော့

နှုတ်ခမ်းသားတွေ ညစ်နေလို့ စိတ်သောကရောက်နေတဲ့ သူငယ်ချင်းမမများရေ လွယ်ကူ ထိရောက် အကုန်အကျနဲတဲ့ နည်းလမ်းလေးပေးမယ်နော်…

နှုတ်ခမ်းသားတွေ ညိုရတာဟာ နေရောင်နဲ့ ထိတွေ့မှုများခြင်း၊ ဆေးလိပ်သောက်ခြင်း၊ ကော်ဖီအသောက်များခြင်း နဲ့ ဟော်မုန်းမညီမျှခြင်းတို့ကြောင့် ဖြစ်ရတာပါ။

ပန်းနုရောင် နှုတ်ခမ်းလေးရှိမှ ကိုယ့်ကိုယ်ကို ပိုပြီး ဆွဲဆောင်မှုရှိစေတယ်လို့ တရလွန် မသတ်မှတ်လိုက်ပါနဲ့။ ဘယ်လောက်ကောင်းတဲ့ နှုတ်ခမ်းနီကိုပဲဖြစ်ဖြစ် ဘယ်သူမှ တစ်နေ့ကုန် ဆိုးမထားချင်ပါဘူး။

သဘာဝနည်းတွေနဲ့ နှုတ်ခမ်းသား ညစ်နေတာ၊ ညိုနေတာကို သက်သာချင်ရင်

ပျားရည်ကို သုံးပြီး နှုတ်ခမ်းသား အရောင်ဖျော့သွားအောင် ပြုလုပ်နိုင်ပါတယ်။ ညအိပ်ရာဝင်တိုင်း ပျားရည်ကို နှုတ်ခမ်းမှာ လိမ်းပြီး အိပ်ပါ။ ခြောက်ချင်ခြောက်သွားပါစေ။ ရေဆေးဖို့ မလိုပါဘူး။

ဘေးထွက်ဆိုးကျိုး (လုံးဝ) မရှိပါ။

ဤစာဖတ်သူများအားလုံး ကျန်းမာချမ်းသာကြပါစေလို့ ရွှေချစ်သူ မှ ဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်း မေတ္တာတစ်မျိုးပဲ မို့ မျှဝေပေးပါနော်.

Tuesday, May 27, 2014

ကမ္ဘာ့မြေနေ့ အထိမ်းအမှတ် နာဆာရဲ့ အကြီးမားဆုံးသော Selfie ပုံကြီး

ကမ္ဘာ့မြေနေ့ အထိမ်းအမှတ် နာဆာရဲ့ အကြီးမားဆုံးသော Selfie ပုံကြီး

earthselfie copySelfieရိုက်ရတာကိုလူတိုင်း နှစ်သက်ကြမယ် ထင်ပါတယ်။ Selfie ကိုအလွယ်ကူဆုံး နားလည်အောင် ဘာသာပြန်ရရင် ကိုယ်ပုံကိုယ်ပြန်ရိုက်တာ လို့ ပြောရပါမယ်။ ကမ္ဘာ့မြေနေ့ဆိုတော့ သိတဲ့အတိုင်းကမ္ဘာ့ မြေကြီးကို ရေရှည်တည်တံ နိင်အောင် သဘာဝ စိမ်းလန်းစိုပြည့်ရေး လုပ်ငန်များကို လုပ်ကြတာပေါ့။ ဟုတ်ပါတယ်။ ပြီးခဲ့တဲ့ ဧပရယ် ၂၂ ရက်နေ့ဟာ ကမ္ဘာ့မြေနေ့ ဖြစ်ပါတယ်။ ထိုနေ့ ပတ်ပတ်လည်လောက်မှာ အမေရိကန် အာကာသ သိပ္ပံ စခန်းတစ်ခု ဖြစ်တဲ့ NASA ဟာ ကမ္ဘာ့သူ ကမ္ဘာ့သားတွေကို ကမ္ဘာ့မြေနေ့ အမှတ်တရ အထိမ်းအမှတ်ပွဲတစ်ခု ပြုလုပ်ပေးခဲ့ပါတယ်။ အဲဒီနေ့မှာ နာဆာဟာ “ သင့်အခုအချိန် ကမ္ဘာ့မြေရဲ့ ဘယ်နေရာမှာပါလဲ “ လို့ ပို့စ်တစ်ခုတင်ခဲ့ပြီး အဖြေကို စကားလုံးနဲ့ မဟုတ်ပဲ ကိုယ်တိုင် ရိုက်ထားတဲ့ Selfie ဓာတ်ပုံနဲ့ ဖြေစေခဲ့ပါတယ်။ ထိုသို့ပြန်လည်ဖြေကြားရာတွင် ဆိုရှယ်မီဒီယာ များဖြစ်တဲ့ Facebook, Twitter, Google Plus, Instagram စတဲ့လူမူကွန်ရက် အသီးသီးက #globalselfie ဆိုပြီးTagလုပ်ကာ ပေးပို့ရတာဖြစ်ပါတယ်။

ပေးပို့ထားခဲ့ကြတဲ့ ဓာတ်ပုံတွေဟာဆိုရင် 35,422 ဓာတ်ပုံရှိခဲ့ပြီး ထိုပုံတွေအားလုံးကို အပေါ်ဘက်မှာ မြင်တွေ့နေရတဲ့ ကမ္ဘာ့လုံး (၂) လုံးစာ 3.2-gigapixel ရှိ ဓာတ်ပုံကြီးကို ရရှိခဲ့တာ ဖြစ်ပါတယ်။ gigapixel ဆိုတာ (1) megapixel ရှိတဲ့ ဒီဂျစ်တယ် ကင်မရာနဲ့ အကြိမ်တစ်ထောင်ရိုက်နိင်တဲ့ အချိုးဖြစ်ပြီး Pixel ပေါင်း (၁) ဘီလီယံ ရှိနေပါတယ်။ အသေးစိတ် ထို Selfie ပုံများကို ချဲ့ဆွဲကြည့်ချင်ရင်တော့ http://www.gigapan.com/gigapans/155294 တွင် ၀င်ရောက် ကြည့်ရူလေ့လာနိင်ပါတယ်။

မလေးရှားလေကြောင်း MH370 ၏ ဂြိုဟ်တု အချက်အလက်များ ထုတ်ပြန်

မလေးရှားလေကြောင်း MH370 ၏ ဂြိုဟ်တု အချက်အလက်များ ထုတ်ပြန်

မလေးရှားလေကြောင်း MH370 ၏ ဂြိုဟ်တုအချက်အလက်များ ထုတ်ပြန်ပျောက်ဆုံး သွားသော မလေးရှား လေယာဉ် MH370 နှင့် ဂြိုဟ်တုများ အကြား ဆက်သွယ်ခဲ့မှု အချက်အလက်များကို ယနေ့ထုတ်ပြန် လိုက်သည်။ ပျောက်ဆုံး သွားသော မလေးရှားလေယာဉ် ခရီးစဉ်မှာ အိန္ဒိယ သမုဒ္ဒရာ တောင်ပိုင်းတွင် ပျက်ကျသွားခဲ့သည်ဟု အပြီးသတ် ဆုံးဖြတ်မှုတွင် အသုံးပြု ခဲ့သော မူရင်းဂြိုဟ်တု အချက်အလက် ၄၇ မျက်နှာကို မလေးရှားအစိုးရက ထုတ်ပြန်ခြင်းဖြစ်သည်။
ဂြိုဟ်တု အချက်အလက်များတွင် ဗြိတိန်ဂြိုလ် တုကွန်ရက် အင်မာဆက်နှင့် မလေးရှား လေယာဉ်ကြား ဆက်သွယ်ခဲ့သော အီလက်ထရွန်နစ် အချက်ပြပုံများ ပါဝင်သည်။ ယင်းကို ခွဲခြမ်းစိတ်ဖြာလေ့လာ၍ လေယာဉ်ပြန်လည်ရှာဖွေ တွေ့ရှိရေးအတွက် အသုံးချခဲ့သည်။

Monday, May 26, 2014

ရက် ၁၀၀ အတွင်း လူ ၈ သိန်းသေဆုံးခဲ့ရသည့် ကြောက်မက်ဖွယ် လူမျိုးတုန်း သတ်ဖြတ်မှုကြီး

ရက် ၁၀၀ အတွင်း လူ ၈ သိန်းသေဆုံးခဲ့ရသည့် ကြောက်မက်ဖွယ် လူမျိုးတုန်း သတ်ဖြတ်မှုကြီး

ရ၀မ်ဒါ နိုင်ငံ ၌ ၁၉၉၄ ခုနှစ် တွင် ဟူတူ
 အစွန်းရောက် များ၏ အညှာ အတာ
ကင်းမဲ့စွာ သတ်ဖြတ် မှုကြောင့် ရက်
 ပေါင်း ၁၀၀ အတွင်း လူ ၈၀၀၀၀၀ ခန့်
 သေဆုံး ခဲ့သည်။ လူနည်းစု တူ စီမျိုး
နွယ်စု ၀င်များ၊ နိုင်ငံရေး အ တိုက်အခံများအား လူမျိုး ဘာသာ မခွဲခြားဘဲ သတ်ဖြတ်မှု များကို ကျူးလွန် ခဲ့ခြင်း ဖြစ်သည်။

ဟူတူ ပြည်သူ့စစ်များက တူစီတွေကို ဘာကြောင့် သတ်ဖြတ်ခဲ့ကြတာလဲ။

ရ၀မ်ဒါနိုင်ငံသား (၈၅)ရာခိုင်နှုန်းမှာ ဟူတူများဖြစ်ကြသော်လည်း တူစီလူနည်းစု ၀င်များသည် နိုင်ငံအား လွန်ခဲ့သောနှစ်ပေါင်း များစွာကတည်းက လွှမ်းမိုး အုပ်ချုပ်ခဲ့ကြ သည်။ ၁၉၅၉ ခုနှစ်တွင် ဟူတူများ သည် တူစီ မင်း ဆက်အား ဖြုတ်ချခဲ့သောကြောင့် တူစီထောင်ပေါင်းများစွာသည် ယူဂန္ဓာ အပါအ၀င် အိမ်နီးချင်းနိုင်ငံများသို့ ထွက် ပြေးတိမ်းရှောင် ခဲ့ရသည်။

 ပြည်ပရောက် တူစီအုပ်စု တစ်ခုသည် ရ၀မ်ဒါ မျိုးချစ် တပ်ဦး (RPF) အမည် ရှိ သူပုန်တပ်ဖွဲ့ကို ဖွဲ့စည်းပြီး ရ၀မ်ဒါအား ၁၉၉၀ ပြည့်နှစ်တွင် ကျူးကျော်ခဲ့ ကာ ၁၉၉၃ ခုနှစ် တွင် ကျမှသာ ငြိမ်း ချမ်း ရေး သဘောတူစာချုပ် ချုပ်ကိုချုပ်ဆိုနိုင်ခဲ့သည်။ ၁၉၉၄ ခုနှစ်၊ ဧပြီ (၆)ရက်နေ့ညတွင် ဟူတူ မျိုးနွယ်စုဝင် သမ္မတဂျူဗဲနယ်ဟာဗြာ ရီမာနာလိုက်ပါလာသော လေယာဉ်မှာ ပစ်ချ ခံခဲ့ရပြီး သမ္မတ လည်း သေဆုံးခဲ့ရသည်။ ဟူတူအစွန်းရောက်များက လေယာဉ်အား RPF က ပစ်ချခဲ့ခြင်းဖြစ်ကြောင်း စွပ်စွဲခဲ့ပြီး တူစီများ အား သတ်ဖြတ် ရန် ပြင်ဆင်မှုများ ကိုပြု လုပ်ခဲ့သည်။ ဟူတူ များသည် လူမျိုး ပြုတ်သတ်မှု များ ကျူးလွန်ရန် အတွက် လေ ယာဉ်ကို ပစ်ချခဲ့ခြင်းဖြစ်ကြောင်း RPF က တုံ့ပြန် ပြောဆိုခဲ့သည်။

လူမျိုးပြုတ်သတ်ဖြတ်မှုများကို မည် ကဲ့သို့ ကျူးလွန်ခဲ့ကြသလဲ။

စနစ်တကျ ကျူးလွန်ခဲ့ကြသည်ဟု ဆို လို့ရသည်။ အစိုးရ အတိုက် အခံများ၏ စာရင်း ကို စနစ်တကျ ရေး ဆွဲ ပြီး ပြည်သူ့စစ်များ လက်ထဲသို့ လွှဲပြောင်း ပေးခဲ့သည်။ ပြည်သူ့ စစ် များသည် အတိုက်အခံများအား မိ သားစုဝင် များ မကျန်သတ်ဖြတ်ခဲ့ကြသည်။ အိမ်နီးချင်း များက သူတို့၏ အိမ်နီးချင်း များကို သတ် ဖြတ်ခဲ့ကြပြီး၊ ခင်ပွန်းများကလည်း တူစီဇနီး သည်များကို သတ်ဖြတ်ခဲ့ကြသည်။ ယင်း အချိန်တွင် မျိုးနွယ်စု ၀င်ဆိုင်ရာ မှတ်ပုံ တင် ကတ်များကို ထုတ်ပေးခဲ့ သောကြောင့် ဟူတူ များသည် တူစီများ နေထိုင် သော ရပ်ကွက် များဝန်းရံပြီး သတ်ဖြတ်မှုများကို စနစ်တကျ ကျူးလွန်ခဲ့ကြသည်။ ထို့ပြင် တူစီ အမျိုးသမီး များအား အဓမ္မ ခေါ်ဆောင်ခဲ့ပြီး လိင်ကျွန်များ အဖြစ် ခိုင်းစေခဲ့ကြသည်။

သတ်ဖြတ်မှုတွေရပ်တန့်အောင် လုပ်ဆောင်ခဲ့ကြသလား။

ကုလနှင့် ဘယ်လ်ဂျီယမ်တပ်ဖွဲ့ဝင်များ သည် ရ၀မ်ဒါတွင် တပ်စွဲ ထားသော်လည်း ကုလတပ်ဖွဲ့ဝင် များ သည် သတ်ဖြတ်မှုများကို တားဆီးခြင်း မရှိခဲ့ချေ။ ဆိုမာလီယာ တွင် အမေရိကန် တပ်ဖွဲ့ဝင် များ သေဆုံးခဲ့ပြီး နောက် အမေရိကန်အစိုးရသည် အာဖရိကလူမျိုးရေး ပြဿနာတွင် မပါဝင်ရန် ဆုံးဖြတ် ခဲ့ကြသည်။ ဘယ်လ်ဂျီ ယမ် စစ်သား ၁၀ ဦးသတ်ဖြတ်ခံခဲ့ ရပြီးနောက် ကုလငြိမ်းချမ်းရေးထိန်းသိမ်းမှု တပ်ဖွဲ့ဝင် များနှင့် ဘယ်ဂျီယမ် စစ်သား များ သည် ပဋိပက ဇုန်များမှ ဆုတ်ခွါ ခဲ့သည်။ ဟူတူ အစိုးရ ၏ မဟာမိတ် ဖြစ်သည့် ပြင်သစ်သည် လည်း တပ်ဖွဲ့တစ်ခုကိုစေလွှတ်ခဲ့ပြီး သတ် ဖြတ်မှုမရှိသည့် ဇုန်တစ်ခုကို ဖန်တီးခဲ့သော် လည်း သတ်ဖြတ်မှုများ ကို တားဆီးနိုင်ခြင်း မရှိခဲ့ချေ။ ရ၀မ်ဒါ၏ လက်ရှိသမ္မတက ပြင်သစ် တပ်ဖွဲ့များသည်လည်း အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွင် ပါဝင်ခဲ့ကြောင်း စွပ်စွဲပြော ဆိုခဲ့သည်။

ဘာဖြစ်လို့ အဲဒီလောက် ကြောက်စရာ ကောင်းခဲ့တာလဲ။

ရ၀မ်ဒါသည် အစဉ်အလာအားဖြင့် ချုပ်ကိုင်မှုကြီးမားသော လူ့အဖွဲ့အစည်း ဖြစ်သည်။ အောက်ခြေခရိုင် များမှ ဗဟိုအစိုးရ အထိ ပိရမစ်ပုံစံအဆင့်ဆင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။ ယင်းအချိန် က အာဏာရ ပါတီဖြစ် သည့် MRND တွင် အင်တဲရာဟမ်ဝဲအမည် ရှိ လူငယ်အဖွဲ့ခွဲရှိနေပြီး၊ ၄င်းအဖွဲ့အား သတ် ဖြတ်မှုများပြုလုပ်ရန် ပြည်သူ့စစ်အဖြစ် အသွင်ပြောင်းလဲခဲ့သည်။ လက်နက်များနှင့် သတ်ဖြတ်ရမည့် သူများစာရင်းကို ဒေသ ဆိုင်ရာ အဖွဲ့ များ ထံသို့ ပေးပို့ခဲ့ပြီး၊ ယင်းအဖွဲ့ များကလည်း ၄င်းတို့နယ်မြေရှိ သတ်ဖြတ်ရ မည့်သူများကို တာဝန် ကျေ ပွန် စွာ သတ်ဖြတ် ခဲ့ကြသည်။ ဟူတူအစွန်းရောက်များသည် အသံလွှင့်ရုံ များကို တည်ထောင်ခြင်း၊ သတင်းစာ များ ထုတ်ဝေခြင်းတို့ကို ပြုလုပ်ခဲ့ ပြီး၊ ပြည်သူများအား ပိုးမွှားများသို့မဟုတ် တူစီများကို သတ်ဖြတ်ရန် ၀ါဒဖြန့်ချိ မှု များ ပြုလုပ်ခဲ့သည်။ သတ်ဖြတ်ခံခဲ့ရသူများ၏ စာရင်းကို အသံလွှင့်ရုံက ပုံမှန်ထုတ်ပြန် ကြေညာခဲ့သည်။ ဘုန်း တော်ကြီးများနှင့် သီလရှင်များပင်လျှင် ဘုရားကျောင်းအတွင်း ခိုလှုံနေသူများကို သတ်ဖြတ်ခဲ့ကြသည်။

သတ်ဖြတ်မှုတွေ ဘယ်လိုပြီးဆုံးခဲ့သလဲ။

တူစီ၏ စုစည်းညီညွတ်သော RPF သည် ယူဂန္ဓာ စစ်တပ်၏ ထောက်ခံ မှုဖြင့် ရ၀မ်ဒါပိုင်နက်များကို တ ဖြည်းဖြည်းသိမ်း ပိုက်ခဲ့သည်။ ဇူလိုင် ၄ တွင် RPF သည် မြို့တော် ကီဂါလီသို့ ၀င်ရောက် ခဲ့သည်။ အရပ် သား များ နှင့် လူမျိုးပြုတ် သတ်ဖြတ်မှု များ ကို ကျူးလွန်ခဲ့သည့် ဟူတူ နှစ်သန်းခန့် သည် လက်စားချေ သတ်ဖြတ်ခံ ရ မည်ကို စိုးရိမ်သော ကြောင့် ယင်း အချိန်က ဇိုင်ရဲ ဟု ခေါ် ဆိုသည့် ကွန်ဂို ဒီမိုကရက်တစ် ပြည်သူ့ သမ္မတ နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြသည်။

ကွန်ဂိုမှာ ဘာတွေဖြစ်ခဲ့သလဲ။

ကွန်ဂိုဒီမိုကရက်တစ် ပြည်သူ့သမ္မတ နိုင်ငံတွင် ဆယ်စုနှစ်နှစ်ခုကြာ မတည်ငြိမ် မှု များနှင့် ရ၀မ်ဒါရှိ လူ မျိုး ပြုတ်သတ်ဖြတ်မှုများ ကြား တိုက်ရိုက်ဆက်စပ်မှုရှိခဲ့သည်။ လက်ရှိ အချိန်တွင် RPF အဖွဲ့ ဝင်များပါဝင်သော ရ၀မ်ဒါ အစိုးရသည် ဟူတူပြည်သူ့ စစ်များ အား လက် ခံထားသည်ဟု အကြောင်းပြပြီး ကွန်ဂို အား နှစ်ကြိမ်တိုင် တိုင် ကျူးကျော်ခဲ့သည်။ ထို့ ပြင် ရ၀မ်ဒါအစိုးရသည် ကွန်ဂိုရှိ တူစီတပ်ဖွဲ့ဝင် များအား လက်နက်များ ထောက်ပံ့ ပေးခဲ့သည်။

ရ၀မ်ဒါရဲ့ လက်ရှိအခြေအနေ ဘယ်လိုရှိနေလဲ။

RPF ခေါင်းဆောင်တစ်ဦးလည်းဖြစ် သလို ရ၀မ်ဒါ သမ္မတလည်းဖြစ်သည့် ပေါ ကာဂါမီသည် နိုင်ငံတွင်း စီးပွားရေးတိုးတက် အောင် လုပ်ဆောင်နိုင်ခဲ့သောကြောင့် ချီးကျူးခံခဲ့ရသည်။ ၄င်းသည် ရ၀မ်ဒါအား နည်းပညာ ဆိုင် ရာ ဗဟိုချက်တစ်ခုဖြစ်အောင် ကြိုးပမ်းခဲ့သည်။ သို့သော် ကာဂါမီသည် အတိုက်အခံများကို သည်း ခံလေ့မ ရှိ ဘဲ တချို့ အတိုက်အခံများ သတ်ဖြတ်ခံခဲ့ရကြောင်း စွပ်စွဲမှုများရှိခဲ့သည်။ လူမျိုးပြုတ် သတ်ဖြတ် မှုဖြင့် လူနှစ် သန်းခန့်အား ဒေသဆိုင်ရာ ခုံရုံးများနှင့် ဟူတူပြည်သူ့ စစ်ခေါင်းဆောင် များအား အိမ်နီးချင်း တန်ဇေးနီးယားရှိ ကုလခုံရုံးတွင် ကြားနာစစ်ဆေးခဲ့ကြသည်။ လက်ရှိအစိုးရသည် ရ၀မ်ဒါ၌ နောက်ထပ် သွေးမြေကျမှုများ ထပ်မံမ ဖြစ် ပွားစေရန် နိုင်ငံတွင်း လူမျိုးပြုတ်သတ်ဖြတ်မှုနှင့် ပတ် သက်ပြီး ဆွေးနွေး ပြောဆိုခွင့် မပေး ခဲ့ချေ။ သို့သော် ဆွေးနွေးပြောဆိုခွင့်ပိတ်ပင်ထား ခြင်းကြောင့် ပြန်လည်ရင်ကြားစေ့ရေး မဖြစ်နိုင် တော့ဘဲ ပိတ်ပင်မှုသည် တစ် ချိန်ချိန်တွင် ပြန်လည်အုံကြွလာနိုင်သည့် လူမျိုး ရေးတင်းမာမှုများကို ဟန်ဆောင်ဖုံးဖိထား ခြင်းသာဖြစ်ကြောင်း ဝေဖန်မှုများလည်း ရှိခဲ့သည်။

ကားကိစ္စ ဝမ်းသာရပါပြီ

ကားကိစ္စ ဝမ်းသာရပါပြီ 

 Manawmaya Journal

ကားကိစ္စ ဝမ်းသာရပါပြီတစ်နေ့တွင် ကျွန်မထံသို့ "ကျွန်တော့်နာမည် က ဦးမြင့်ထွန်းပါ ..." ဟုဆိုကာ အမျိုးသားကြီး  တစ် ဦး ဗေဒင်လာမေးလေသည်။ ကျွန်မလည်း သူ၏ မွေးခုလရက်များကို တွက်စစ်ကာ ဆောင်ရန်ရှောင် ရန်များကို ပြောပြပေး လိုက်ပါသည်။ ထိုသို့ ဟောပြောပြီးသော အခါတွင်မှ ထိုဦး မြင့်ထွန်းက -
" ကျွန်တော်က လိုင်းကားမောင်းတာ ပါဆရာမ၊ ဒါပေမဲ့ ဆရာမရယ် နေ့တိုင်း မမောင်းရဘူးဖြစ်နေ တယ် ...၊ အခေါက်စား တောင်းပြီးမောင်းနေရတာ ဆိုတော့ ဝင်ငွေက ပုံမှန်မရှိဘူးပေါ့ ဆရာမရယ်၊ မောင်းရတဲ့ ကားကျပြန်တော့လည်း လမ်းမှာ ပျက် ပျက်နေတဲ့ ကားတွေပဲ ဖြစ်နေတယ် ...၊ အဲဒီတော့ ကားကိစ္စအဆင်ပြေစေမယ့် ယတြာလေးလည်း ထပ် ပြီးပေးပါဦး ..." ဟု ပြောပါသည်။
ထို့ကြောင့် ကျွန်မက အသင့် မိတ္တူဆွဲထားသော မယ်တော်ကြီး ဟုခေါ်သည့် တဲရော့ကတ်ပြားနံပါတ်(၂)၏ နောက် ကျောများတွင် " ဦးမြင့်ထွန်း ကားကိစ္စ အဆင်ပြေ ပါစေ" ဟူသော စာများရေးကာ ဖယောင်းတိုင်တွင် ပတ်၍ ပေးလိုက်ရင်း -
" ဟောဒီမှာ ဖယောင်းတိုင်လေးတိုင် ပေး လိုက်တယ် ...၊ အိမ်ကဘုရားမှာ တစ်နေ့ကိုနှစ် တိုင်၊ နှစ်ရက်ဆက်တိုက် မီးထွန်းပူဇော်ပြီး ကား ကိစ္စ ကိုယ်ဖြစ်ချင်တာ ဆုတောင်းလိုက်ပါ ..." ဟု မှာကြားလိုက်ရပါသည်။
တစ်ပတ် တင်းတင်းပြည့်သောနေ့မှာပင် ဦး မြင့်ထွန်းတစ်ယောက် ကျွန်မထံသို့ ရောက်လာပြန် ပြီး ခရီးရောက်မဆိုက်မှာပင် - " ဆရာမတို့ရဲ့နည်းလေးက အရမ်းကို ထူး ခြားတာပါပဲ ဆရာမရယ် ...၊ ကျွန်တော် သိသိ သာသာကို အဆင်ပြေနေပါပြီ ..." ဟု ဝမ်းသာ အားရ ပြောပါလေတော့ သတည်း။

မန်မြန်ရောင်းရပါစေ

မန်မြန်ရောင်းရပါစေ

မြန်မြန်ရောင်းရပါစေကျွန်မထံသို့ မတွေ့ကြသည်မှာ ကြာပြီဖြစ် သော ဖြူဖြူဆိုသည့် သူငယ်ချင်း တစ်ဦး ရောက်လာ ပါသည်။ ခရီးရောက် မဆိုက်မှာပင် ဖြူဖြူက အမော တကောလေသံဖြင့် - " ကူညီပါဦး သူငယ်ချင်းရယ်" ဟု ပြောသောကြောင့်
ကျွန်မက - " ဘာတွေဖြစ်လာပြန်တာလဲ" ဟု ပြန်၍မေး လိုက်ပါသည်။ ဖြူဖြူက - " ငါ့အမေ ကိစ္စပါဟယ် ..၊ အမေက နယ်မှာ ရှိတဲ့ခြံကိုရောင်းပြီး အလှူကြီး တစ်ခုလုပ်ချင်လို့တဲ့၊ သူ့ကျန်းမာရေးကလည်း သိပ်ပြီး ကောင်းလှတာ မဟုတ်တော့ အချိန်ရှိသရွေ့ အဲဒီအလှူလုပ်ချင်တဲ့ ဇောပဲ ကပ်နေတော့တာပဲ ..၊ အဲဒီလိုဇောကပ်ခါမှ ခြံကလည်း ရောင်းလို့ကို မထွက်ဘူးဖြစ်နေတယ် ...၊ အဲဒါ ခြံမြန်မြန်ရောင်း ထွက်ချင်လို့ပါဟယ်" ဟု ပြောလေသည်။
ထို့ကြောင့် ကျွန်မကလည်း အဘ မင်းသိင်္ခ သင်ပြပေးသွားသော ထစ်ငေါ့ ကြန့်ကြာနေသော ကိစ္စ များ မြန်ဆန်စေသော အိမ်၊ ခြံ၊ မြေ၊ ကား စသည် တို့ ရောင်းရခက်နေသော အခါ အမြန်ရောင်းရစေ သော နည်းကလေးကိုပင် ပြောပြလိုက်ရပါလေ တော့သည်။
ဟောလစ်ပုလင်း အခွံတစ်လုံးထဲတွင် ပေါက် ပေါက်များထည့်ပါ။ ထိုပုလင်းမှာပင် ထီးဖြူ ကလေး တစ်လက်စိုက်၍ ဘုရားမှာ တစ်ပတ်ခန့် လှူထားရပါ သည်။ နေ့စဉ်ညစဉ် ထိုဟောလစ် ပုလင်းကလေးကို ကိုင်ရင်း မြန်မြန်ဆန်ဆန် ပြီးမြောက်အောင်မြင်ချင် သောကိစ္စကို ဆုတောင်း ရမည်ဖြစ် ပါကြောင်း ...။
Manawmaya Journal

တရုတ်ပြည်က အလှဆုံး ကြိုးတံတား Aizhai

တရုတ်ပြည်က အလှဆုံး ကြိုးတံတား Aizhai

China beautiful bridge
Aizhai လို့အမည်ရတဲ့ ကြိုးတံတား ဖြစ်ပါတယ်။ တရုတ်ပြည်နယ် တောင် အလယ်ပိုင်းမှာ တည်ရှိပြီး ကမ္ဘာ့ ၆ ခုမြောက် အမြင့်ဆုံး တံတားနဲ့ ကမ္ဘာ့ ၁၅ ခုမြောက် အရှည်ဆုံး ကြိုးတံတား အဖြစ် စံချိန် တင်ထား ပါတယ်။ တံတား အရှည်က ပေ ၃၇၆၀ ရှိပြီး မီတအားဖြင့်က ၁၁၄၆ ပါ။ အမြင့် ကတော့ ပေ ၁၁၅၀ ရှိပါတယ်။ လိုဏ်ဂူမှ လိုဏ်ဂူ ဆက်သွယ်တဲ့ တံတား ထဲမှာ ကမ္ဘာ့အရှည်ဆုံး တံတားအဖြစစ်လည်း စံချိန် တင်ထားပါတယ်။ ၂၀၀၇ ခုနှစ် အောက်တိုဘာလက စတင် တည်ဆောက်ပြီး ၂၀၁၁ ခုနှစ် နှစ်ကုန်မှာ တည်ဆောက်ပြီးစီး ပါတယ်။ စုစုပေါင်း ကုန်ကျစရိတ်က အမေရိကန်ဒေါ်လာ ၂၀၈ သန်းပါ။ မီးလုံးပေါင်း ၁၈၈၈ လုံးကို ညအခါ ထွန်းရတဲ့ အတွက် အသုံးပြုရင်လည်း ကုန်ကျစရိတ်ကြီးတဲ့ တံတား ဖြစ်ပါတယ်။ Aizhai Bridge ဟာ တရုတ်ပြည်ရဲ့  အလှဆုံး ကြိုးတံတား တစ်ခု အဖြစ် လည်း သတ်မှတ် ထားကြကြောင်း သိရပါတယ်။

ပျိုနုဆေး

ပျိုနုဆေး

 ထာဝရ ရှင်သန် ခြင်း ဆိုတာ ဘ၀မှာ နေပျော်တဲ့ လူတစ်ချို့ တောင့်တကြတဲ့ ဆုလဒ် တစ်ခုဆိုရင် မသေဆေးဆိုတဲ့ ထာဝရနုပျိုစေခြင်း အကောင်းဆုံး ပင်ကိုယ်ဆေးဝါးတစ်ခုက ဘာများဖြစ်ပါမလဲ ? အခု ကျတော်တို့တွေ အသီးသီး အသက်တွေ ရလာကြပြီး ဘ၀မှာ တစ်ခါ တစ်ခါ နေရတာ မပျော်လာ ရတဲ့အခါ “ ကလေးပြန်ဖြစ်ချင်လိုက်တာ“ကျောင်းတက်ရတဲ့ ဘ၀ကို ပျော်ခဲ့တဲ့သူတွေဆိုရင် “ ကျောင်းပြန်တက်ချင်လိုက်တာ “ လို့ အဲဒီလိုလေးတွေ ငြီးဖူးကြမယ်ထင်ပါတယ်။ ဟုတ်ရဲ့လားဗျ ။? ဘယ်သူ ပြန်မငယ်ချင်ပါမလဲ ခင်ဗျ။ အရင် အရင်တုန်းတွေက ပုံပြင်တွေထဲမှာ ဘုရင်ကြီးတစ်ပါး သူရဲ့ မှုးမတ်တစ်ယောက်ကို မသေဆေးလိုက်ရှာခိုင်းတဲ့ ပုံပြင်တွေကို ကြားဖူးကြမယ်ထင်ပါတယ်။ တကယ်ရော တွေ့ခဲ့ပါမလားဗျာ။ အမှန်တော့ မသေဆေးဆိုတာ ကိုယ်ရဲ့ အနီးအနားမှာ ရှိနေပါတယ်ဗျ။

မသေဆေးရဲ့ နာမည်နောက်တစ်ခုရှိနေပါတယ်။ ဘာများဖြစ်မလဲဆိုတော့ “ စိတ်ပျိုကိုယ်နု”ဆိုတဲ့စကားလေး သိတယ်မို့လားဗျာ ။ တကယ်တော့ အဖြေက ဒီ “ စိတ်ပျိုကိုယ်နု” ဆိုတဲ့ ဆောင်ပုဒ်လေးဖြစ်ပါတယ်။ ဒီနေရာ မှာ နည်းနည်းလောက် ရှင်းပြပါရစေ ။ နားရူပ်သွားမှာ စိုးလိုပါ။ ကျတော်တို့ရဲ့ ရှင်တော် ဗုဒ္ဓဟောကြားမူတွေထဲမှာ “ စိတ်သာ ရှင်စော ဘုရားဟော “ ဆိုတဲ့ ဆောင်ပုဒ်လေးဟာလည်း ဒီနေရာမှာ အကျုံးဝင်နေတာကို တွေ့ရပါတယ်။ ဒီစကားဆောင်ပုဒ်လေးရဲ့ အဓိပ္ပာယ်ကို နားလည်နိင်အောင် ကျတော်တို့ ကိုယ်တိုင် ပြန် ပြီး ကျတော်တို့ ကိုယ်ပေါ်မှာ လေ့လာကြည့်ရအောင် ဗျာ။ ကျတော်တို့ အခုနေ ရေဆာတယ်ဆိုပါစို့ ဆာလာတဲ့ ရေကို သွားသောက်ဖို့ ဆန္ဒပြည့်ဝစေဖို့ ရေရှိတဲ့နေရာကို သွားရတယ်မဟုတ်လား ။ ထိုသွားတဲ့နေရာမှာ စိတ်မပါပဲ သွားလို့ရပါမလား ခင်ဗျာ. ရေဆာနေတယ်။ သွားလည်း သောက်ရမှာ ပျင်းနေတယ်ဆိုရင်( စိတ်မပါဘူး) အဲဒီ ရေ တစ်နေကုန်သောက်ဖြစ်မှာ မဟုတ်ပါဘူး။ ( သူများလာခတ်တိုက်ရင်တော့ တစ်မျိုးပေါ့ ) နော် ။ ဒါက ရေသောက်တဲ့နေရာပဲ ရှိပါသေးတယ်။ စိတ်ရဲ့ အရေးပါပုံကတော့ အံ့မခန်းပါ။ ဘ၀တစ်ခုလုံးနီးပါးလို့တောင် ပြောလို့ရပါတယ်။ ဘယ်သွားချင်လည်း ရောက်ဖူးတဲ့ နေရာဆို စိတ်ကူးထဲမှာ သူအရင်ရောက်သွားပြီ။ ဒီလိုပါပဲ။ စိတ်က ကိုယ်ကိုယ်ကို ကလေးလို သတ်မှတ်ထားတဲ့ တစ်ချိန်လုံး သူဘယ်တော့မှာ လူကြီး ဖြစ်မှာ မဟုတ်ပါဘူး။ ဘယ်တော့မှ ကြိုးစားချင်စိတ်မရှိပါပဲ ဘယ်တော့မှ အောင်မြင်လာနိင်မှာ မဟုတ်ပါဘူး။ ထို နေရာမှာ ကြိုးစားချင်စိတ်ရိုရုံသာမက ထိုစိတ်ကို အမြဲတမ်း ရှိနေစေဖို့ ထက်သန်တဲ့ စိတ်က လည်း ရှိဖို့လိုပါလိမ့်မယ်။ ဒါမှ အောင်မြင်တဲ့ ဘ၀ကို ရရှိမှာ ဖြစ်ပါတယ်။
လူတစ်ယောက်တွေ့ဖူးပါတယ်။ သူက တောင်ကြီးက ပါ။ ရုပ်အသွင်ကတော့ မေးရိုးချွန်းချွန်းနဲ့ မိန်းမ ဆန်ဆန်ဖက်ကို ချောပါတယ်။ အမှန်က အသက် ၅၇ ၅၈ နှစ်လောက်၇ှိပါပြီ။ ( နောက်မှ သိ) လူပျိုပေါက်တွေ ဆော့တဲ့ Dota ဆော့ပါတယ်။ ဖက်ရှင်ကိုလည်း ၁၄ နှစ်ကလေးလို့ အမိုက်စားဝတ်ပါတယ်။ တစ်ခု ချီးကျူးစရာက သူရဲ့ အလုပ်လုပ်ပုံ အရမ်းကို သွယ်လက်ပါတယ်။ လှုပ်ရှားမူကလည်း လူငယ်မယှဉ်နိင်ပါဘူး။ သူနဲ့ စကားတစ်ခါတစ်ခါ သွားပြောဖြစ်ရင် ရွှင်ရွှင် နောက်နောက်နဲ့ ရယ်ဖြစ်ခဲ့တာ များပါတယ်။ ဟုတ်ပါတယ်။ “ စိတ်ပျို ကိုယ်နုပါ။ “ အန်တီ မမကြီးတွေ နှလုံး အခံရှိတယ်ဆိုပြီး အိမ်ထဲကွေ့ကွေ့နေတာ ဘာလိုပါလဲ ? မြန်မာပြည်က အိမ်ထောင်ရှင်မ ဇနီးချောတွေ အိမ်ထောင်ပြုပြီးတာနဲ့ ရုတ်တရက် ၀တက်လာကာ အလှပျက်ရတာ ဘာလို့ပါလိမ့် ။အရွှယ်မတိုင်ခင် ဆံပင်ဖြူကာ အများရဲ့ အဘွားကြီး အဘိုးကြီး လို့ အခေါ်ခံရတာ တွေအတွက် “ စိတ်ပျို ကိုယ် နုပါ “ လို့
စိတ်ပျိုကိုနု ပျိုမျစ်ရောဂါကင်းလို့ တစ်ပြည်သားလုံး ရွှင်လန်း ကျန်းမာစေရန် ဆန္ဒပြုလျက်

ဘရာဇီးမှာ တွေ့ရှိတဲ့ ဧရာမ အနာကွန်ဒါ မြွေ

ဘရာဇီးမှာ တွေ့ရှိတဲ့ ဧရာမ အနာကွန်ဒါ မြွေ

ဘရာဇီးမှာ တွေ့ရှိတဲ့ ဧရာမ အနာကွန်ဒါ မြွေ တောင်အမေရိက အပူပိုင်း ဒေသ မှာ ရှင်သန် ပေါက်ဖွားလေ့ ရှိတဲ့ အနာကွန်ဒါ (anaconda) မြွေဟာ ကမ္ဘာ့ အကြီးဆုံး မြွေများထဲမှ မျိုးစိတ် တစ်ခု ဖြစ်ပြီး အမေရိကမှာ အကြီးဆုံး မြွေ ဖြစ်ပါတယ်။ သူဟာ အဆိပ်ဖြင့် ရန်ပြုတတ်တဲ့ မြွေ မဟုတ်ပေမယ့် သားကောင်ကို အရိုးကြေမွ သွားအောင် အချိန် ခဏအတွင်း တိုက်ခိုက် နိုင်တဲ့ မြွေမျိုး ဖြစ်ပါတယ်။
ဘရာဇီးနိုင်ငံ အမေဇုန် တော အတွင်းသို့ Animal Planet အဖွဲ့ သွားရောက်ပြီး ရိုက်ကူးရေး ပြုလုပ်ရာ မမျော်လင့်ပဲ ပေ ၂၀ ကျော် ရှည်တဲ့ အနာကွန်ဒါ မြွေ တစ်ကောင်နဲ့ ထိပ်တိုက် တိုးခဲ့ ပါတယ်။ မြစ်ရေအောက် တစ်နေရာမှာ တွေ့ရှိခြင်း ဖြစ်ပြီး ရိုက်ကူးရေး အဖွဲ့ဟာ အသက်ဘေးက လွတ်မြောက်ခဲ့ ပါတယ်။ ယင်း ဒေသမှာ မြွေရစ်ပတ်မှု ကြောင့် အရိုးကြေ သေဆုံး သူ အချိ့ ရှိနေပြီး ယင်းအတွက် စုံစမ်းမှုကိုလည်း ပြုလုပ် လျက် ရှိပါတယ်။
ဒီအတွက် တရားခံဟာ အနာကွန်ဒါ မြွေ ဖြစ်တယ် ဆိုတာကို သိပေမယ့် ဘယ်သူမှ ယခုလို မျက်စိရှေ့ တပ်အပ် မမြင်ခဲ့ကြ ပါဘူး။ မမျော်လင့်ပဲ တွေ့ရှိချိန် မကြောက်မရွဲ့ ဓာတ်ပုံရိုက်၊ ဗီဒီယိုရိုက် မှတ်တမ်း တင်ခဲ့ သူများ ကတော့ အသက် ၅၈ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ Jeremy Wade နဲ့ Animal Planet ရုပ်သံ အဖွဲ့သားများ ဖြစ်ပါတယ်။ .

အာဂျီတီနားနိင်ငံတွင် ကမ္ဘာ့အကြီးမားသော ဒိုင်နိုဆော တွေ့ရှိ

အာဂျီတီနားနိင်ငံတွင် ကမ္ဘာ့အကြီးမားသော ဒိုင်နိုဆော တွေ့ရှိ

titanosaur forssilတွေ့ရှိရသမျှ ဒိုင်နိုဆော ကျောက်ဖြစ်ရုပ်ကြွင်း တွေထဲမှာတော့ အကြီးမားဆုံး ဒိုင်နိုဆော ပါပဲ။ ထို ဒိုင်နိုဆော မျိုးအသစ်ဟာ အမြင့်အားဖြင့် ၆၅ပေ နဲ့ ၁၃၀ အရှည်ရှိကာ အလေးချိန် ၇၇ တန် (ပေါင် 155,000) ရှိမယ်လို့ ယုံကြည်ရပါတယ်။ ပုံမှာတွေ့ရတဲ့ အရိုးကနေ ပေးထားတဲ့ အရွှယ်အစားအရ အလွန်ကြီးမားသော သတ္တ၀ါဖြစ်ကာ ကမ္ဘာ့မှာ လမ်းလျှောက်ခဲ့ကြတယ်လို့ သိရှိခဲ့ကြတဲ့ အကြီးမားဆုံးသတ္တ၀ါဟာ ဒိုင်နိုဆော ဖြစ်ပါတယ် လို့ သုတေသနပညာ၇ှင် Dr. Jose Luis Carballido နဲ့ Dr. Diego Pol ဟာ BBC ကိုပြောပါတယ်။ ထို Titanosaur လို့ခေါ်တဲ့ အမြှီးရှည်၊ လည်ပင်ရှည် ခေါင်းသေးတဲ့ ဒိုင်နိုဆော့ မျိုးနွယ်ဝင် (Sauropoda) မျိုးနွယ်ထဲမှာပါတဲ့ အမျိုးအစားအုပ်စုကွဲတစ်ခုလို့ အလွန်ကြီးမားလှတဲ့ အရိုးကို ကြည့်ရခြင်းဖြစ် ယူဆနိင်ပါတယ်။
ထိုအသစ်တွေ့ထားတဲ့ ဒိုင်နိုဆော အရိုးရဲ့ အလေးချိန်အားဖြင့် (၇ တန်) ရှိပါတယ်။ ထို အမျိုးအစား ဒိုင်နိုဆော တွေဟာ မတ်တပ်ရပ် လည်ပင် ဆန့်လိုက်တဲ့ အခါ မီတာ ၂၀ လောက်ကို မြင့်ကြောင်းကို မတူညီတဲ့ ဒိုင်နိုဆောမျိုးနွယ် ကျောက်ဖြစ်ရုပ်ကြွင်း(၇)ခုကနေ သိရှိရခဲ့ပါတယ်။ ထို ကြီးမားလှတဲ့ အမျိုးအစားရှိတဲ့ တီတာနိုဆော တွေဟာ အပင်စား၊ အရွက်စားသတ္တ၀ါတွေနဲ့ နှစ်ပေါင်း တစ်ရာခန့်က Cretaceous အပိုင်းအခြား တောအုပ်တွေမှာ လိုက်ပါ ကျက်စား နေခဲကြတယ်လို့ ယုံကြည်ရပါတယ်။ ယခုလို ရှာဖွေတွေ့ရှိမူဟာ ကျောက်ဖြစ်ရုပ်ကြွင်း သုတေသန အတွက် တကယ်မှန်ကန်တဲ့ အမှန်တရား ရတနာတစ်ခုပါပဲ လို့ သုတေသနပညာရှင် Carballido ကပြောခဲ့ပါတယ်။

အလုပ်လိုချင်သူများ အတွက် အစီအရင်

အလုပ်လိုချင်သူများ အတွက် အစီအရင်

အလုပ်လိုချင်သူများအတွက် အစီအရင်တစ်နေ့ တွင် အဘဆရာအား ကျွန်တော်က အောက်ပါ အတိုင်းမေး မိသည်။
" အဘ အလုပ်ရှာ နေသူတွေ အလုပ်အဆင် မပြေသူတွေ အတွက် အလွယ် တကူလုပ်ပေးနိုင်မဲ့ အစီအရင်များ မရှိဘူးလား " " ရှိတာပေါ့ကွယ် ဒါပေမဲ့ လွယ်လွန်းလို့  ယုံကြည်မှု ရှိဖို့ တော့လိုတယ် "
" ဘာပဲဖြစ်ဖြစ်ပြောပြပါ အဘရယ် "
" ကောင်းပြီလေ လိုက်မှတ်ထား မောင်မောင် "
၁။ ပိတောက်ရွက် (၁၂) ခက် ကို ပန်းအိုးသပ်သပ်နဲ့ ထိုးပါ ။
၂။ စတီးကြုပ်တစ်ခုထဲကို ပြဒါးရည်ထည့်ပြီး လည်ပင်းမှာဆွဲထားပါ ။
၃။ ပိတောက်သား ပုတီးနဲ့  ပဌာန်း (သို့ ) ဗုဒ္မေါ ကိုနေ့ စဉ်ပုတီး (၁၂)ပတ်စိပ်ပါ ။
၎။ မိမိမွေးနေ့ မနက် ၉နာရီခွဲတိတိမှာ စပြီး အဓိဌာန်ဝင်ပါ ။ (၁၂ ) ရက်တိတိမပျက်မကွက် လုပ်ရပါမည် ။။
၅။ ပုတီးစိပ်ပြီးလျှင် အလုပ်နှင့် ပတ်သက်ပြီး ဖြစ်ချင်သည့် ဆု တစ်ခုပဲတောင်းပါ ။။ အထက်ပါ အဘဆရာ ပေးခဲ့သောနည်းမှာ အလုပ်ရှာနေသူများ အလုပ်ထဲတွင် ရန်ပေါ်နေသူများ အထက်လူကြီးနှင့် အဆင်မပြေဖြစ်နေ သူများ အရောင်းအ၀ယ် အဆင်မပြေသူများပါ အဆင်ပြေချောမွေ့ စေသောနည်းဖြစ်သဖြင့် ယုံကြည်မှုနှင့် ကျိုးစားဖြင့် အဆင်ပြေမှုများ ရရှိကြပါစေ။။။။။

Mysterious Fairy Circles Not Caused by Termites

Mysterious Fairy Circles Not Caused by Termites

"Fairy circles" that form in the arid grasslands of Namibia have baffled scientists for decades. In the latest attempt to explain the cause of these mysterious circular patches, a group of researchers turned to aerial images.
Sand dunes in the United States are beautiful, but recently they've started swallowing people!
DCI
From the aerial images, the scientists discovered that fairy circles are distributed in surprisingly regular patterns, which might rule out the popular theory that termites are the creators.
"The occurrence of such patterning in nature is rather unusual," study researcher Stephan Getzin, of the Helmholtz Centre for Environmental Research (UFZ) in Leipzig, Germany, said in a statement. "There must be particularly strong regulating forces at work." (Image Gallery: Amazing 'Fairy Circles' of the Namib Desert)
Fairy circles are barren patches, typically surrounded by a ring of thriving vegetation. They can grow to be 65 feet (20 meters) in diameter and can linger for as long as 75 years.

NEWS: Elves Spark Road-Building Protest in Iceland

For the past several years, scientists have offered up a variety of hypotheses for why these rings form in the arid grasslands transitioning into the Namib Desert. Their explanations have ranged from grass-killing seeps of hydrocarbons to carnivorous ants to termite feeding patterns.
One biologist recently conducted a census of organisms at fairy circles. His results, detailed in the journal Science last year, revealed a species of sand termite, Psammotermes allocerus, lived at the majority of patches. He concluded that the insects seemed to be feeding on the grass roots, creating the characteristic rings.
Getzin and his colleagues, however, say termites are typically distributed in irregular clusters in the wild; they argue that the insects couldn't create patterns as consistent as the ones they observed in their aerial photos.
"There is, up to now, not one single piece of evidence demonstrating that social insects are capable of creating homogenously distributed structures on such a large scale," Getzin said in a statement.
Getzin and colleagues think the most convincing explanation for fairy rings is that the grass grows in self-regulating patterns to deal with competition for water.
The researchers compared the situation to growth trends in forests. In a young forest, plants tend to grow at a relatively close range to one another. But over the years, vegetation thins in a self-regulating process so that mature trees have enough space and resources, the researchers said. Resource competition may similarly drive a self-organized formation of fairy circles.
The findings were detailed in the journal Ecography.

Friday, May 23, 2014

ကော်ဖီ သည် မျက်လုံးအားကောင်းစေ











လေ့လာ တွေ့ရှိမှု အသစ် အရ ကော်ဖီ သောက်သုံးခြင်းဟာ မျက်လုံး အား တိုးစေပြီး မျက်စိ မှုန်ခြင်း၊ ကန်းခြင်း မဖြစ်အောင်ပါ ကာကွယ်ပေးကြောင်း သိရ ပါတယ်။

အမေရိကန်ပြည်ထောင်စု Cornell University မှ ထုတ်ပြန်တဲ့ သုသေတန ပြုလုပ်မှု ရလဒ် ဖြစ်ပါတယ်။ မျက်လုံးမှာ ပါဝင်တဲ့ retina အလွှာဟာ အလင်းရောင် ကို ခံစား တုံ့ပြန်နိုင်တဲ့ ဆဲလ်ပေါင်း သန်းချီနဲ့ ဖွဲ့စည်း ထားခြင်း ဖြစ်ပါတယ်။ အောက်ဆီဂျင် ဓာတ် ချို့တဲ့ခြင်း၊ radical လို့ခေါ်တဲ့ unpaired electron များ ထွက်ရှိခြင်း ကြောင့် မျက်လုံး အမြင်အာ ရုံကို ချို့တဲ့စေပြီး အချိန် ကြာလာတဲ့ အတူ ကန်းသွား စေနိုင် ပါတယ်။ ဒီအတွက် ကော်ဖီမှာ ပါဝင်တဲ့ antioxidant တစ်မျိုးဟာ အောက်ဆီဂျင် ဓာတ် တိုးစေပြီး radical တွေကို ဖယ်ရှားပေးပါတယ်။ ဒါကြောင့် သေဆုံးသွားတဲ့ retina က အလင်းဆဲလ်တွေကို ပြန်လည်အစားထိုး မယ့် ဆဲလ်တွေ မွေးဖွား ပေးစေပြီး အမြင် တိုးတက်လာစေမှာ ဖြစ်ပါတယ်။

ဒီတော့ ကော်ဖီကို ပုံမှန် သောက်သုံး သူတွေဟာ သောက်သုံးလေ့ မရှိသူများ နဲ့ စာရင် အမြင်အာရုံ ပိုကောင်းပြီး မျက်လုံးကန်း နိုင်ချေ နည်းကြောင်း သိရ ပါတယ်

သက်ရှိများ နေထိုင်နိုင်သောဂြိုလ်ကို တွေ့ပြီ














သက်ရှိများနေထိုင်နိုင်တဲ့ ဂြိလ်ကမ္ဘာတစ်ခုကို အာကာသ သိပ္ပံပညာရှင်များ ရှာဖွေလာတာ ဆယ်စုနှစ်ပေါင်းများစွာရှိပါပြီ။

အလင်းနှစ်ပေါင်း ၄၉၀ ဝေးတဲ့ နေရာမှာ ဒီလိုဂြိုလ်ကမ္ဘာတစ်ခုကို တွေ့ရှိခဲ့ပြီလို့ နာဆာက ကြေငြာခဲ့ပါတယ်။
Nasa Ames သုတေသနစင်တာရဲ့ SETI Institute မှ အာကာသပညာရှင် Elisa Quintana  ဦးဆောင်တဲ့အဖွဲ့တစ်ဖွဲ့က Kepler-186f ဆိုတဲ့ ဒီဂြိုလ်ကို တွေ့ရှိခဲ့တာဖြစ်ပါတယ်။

နာဆာရဲ့ Kepler အာကာသတယ်လီစကုပ်ကနေ ဒီဂြိုလ်ရဲ့အချက်အလက်များကို စုဆောင်းခဲ့တာဖြစ်ပြီး ကမ္ဘာထက် ၁၀ရာခိုင်နှုန်းလောက်ကြီးတဲ့ ဒီဂြိုလ်ဟာ ရေဖွဲ့စည်းဖို့ အကောင်းဆုံး အပူချိန်ရှိတယ် လို့ဆိုပါတယ်။

“ကျွန်တော်တို့ရဲ့ကမ္ဘာဂြိုလ်ကို ဥပမာတစ်ခုအနေနဲ့ ယူမယ်ဆိုရင် ရေဟာ အသက်ရှင်ဖို့အတွက် အတော်လေး အရေးကြီးပါတယ်။ နေစကြာဝဌာရဲ့အပြင်ဘက်မှာ သက်ရှိဘဝကို ရှာဖွေဖို့ ပထမဆုံးအခွင့်အရေးအဖြစ် Kepler 186f က အထောက်အကူ ပြုလာနိုင်ပါတယ်” လို့ ထိုအဖွဲရဲ့ ခေါင်းဆောင်တစ်ဦးဖြစ်သူ ဒေါက်တာ Steve Howell က DailyMail ကို ပြောကြားခဲ့ပါတယ်။

Kepler-186f ဟာ Mပုံသဏ္ဍန် ဂြိုလ်ပုလေးတစ်လုံးကို ဗဟိုပြု လည်ပတ်နေတာဖြစ်ပြီး ဒီကြယ်လေးဟာ ကမ္ဘာဂြိုလ်ရဲ့ နေထက် မှိန်ဖျော့တယ် လို့ဆိုပါတယ်။

ပျောက်ကွယ်တော့မယ့် ကယန်းကြေးကွင်းပတ် ဓလေ့










ပန်ပက်၊ ရွမ်းကူနဲ့ ဒေါကီးလို့ အမည်ရတဲ့ ရွာလေး ၃ ရွာဟာ ကယားပြည်နယ်၊ ဒီမောဆို့မြို့နယ်ထဲက တောင်တန်းတွေပေါ်မှာတည် ရှိပြီး ကယန်း လဟွီ ခေါ် ကြေးခွေပတ် (ကယန်းပဒေါင်) လူမျိုးတွေ နေထိုင်ကြပါတယ်။ အဲဒီ တိုင်းရင်းသားတွေဟာ တိမ်မြုပ် ပျောက်ကွယ် လာနေပြီ ဖြစ်တဲ့ ကြေးကွင်းပတ် ယဉ်ကျေးမှုကို ထိန်းသိမ်း ဝတ်ဆင်နေကြဆဲ လက်ကျန်ကြေးကွင်းပတ် အမျိုးသမီးတချို့ နေထိုင်ကြတဲ့ ရွာလေးတွေလို့လည်း ဆိုနိုင်ပါတယ်။
အဲဒီ ရွာလေးတွေကို ယမန်နှစ် ခရစ္စမတ်ကာလတုန်းက သွားဖြစ်ခဲ့ပါတယ်။ ကယားပြည်နယ် ဆောင်းဥတုရဲ့ အအေး ပိုပုံကလည်း အရိုးထိအောင် စိမ့်ပါတယ်။ တချို့ စာအုပ်တွေမှာ ယကန်း လဝီလို့ ရေးကြတဲ့ ကယန်း လဟွီ တိုင်းရင်းသားတွေ နေထိုင်တဲ့ ပန်ပက်၊ ရွမ်းကူနဲ့ ဒေါကီးရွာတွေနားက တောင်ထိပ်တွေမှာ နံနက် ၁၀ နာရီ လောက် အထိ မြူနှင်းတွေက မစဲသေးပါဘူး။

ညို့မှိုင်းနေတဲ့ တောင်တန်းတွေပေါ်မှာ မြူကြားထဲက ထိုးထွက်နေတဲ့ တောင်ထွတ် တောင်စွယ်တွေဟာ မြင်ရသူအဖို့ သက်ဝင်ပန်းချီကားတချပ် အလားပါပဲ။ ထင်းရှူးပင်တွေ အများအပြား ပေါက်နေတဲ့ တောင်တန်းတွေရဲ့ ဆင်ခြေလျော တွေမှာတော့ ကယန်းလဟွီတွေ ကန်သင်းခတ် ဆင့်ထားတဲ့ လှေခါးထစ် တောင်ယာ စိုက်ခင်းတွေကိုလည်း တွေ့ရပါတယ်။

အဲဒီ လှေခါးထစ်တောင်ယာ စိုက်ခင်းတွေရှိနေတဲ့ တောင်ကုန်းတွေပေါ်ကနေ ကြည့်လိုက်ရင် ဓနိမိုး သက်ငယ်မိုး၊ ဝါးထရံကာ အိမ်တွေထက် သွပ်မိုး၊ ပျဉ်ထောင်အိမ်တွေနဲ့ နှစ်ထပ်တိုက်အိမ်တွေက ပိုများတဲ့ ရွမ်းကူနဲ့ ဒေါကီးရွာလေးတွေကို  လှမ်းမြင်နေရပါတယ်။ ရွာအပြင်မှာတော့ ရိုးရာနတ်ပူဇော် ပွဲတွေကျင်းပတဲ့ တံခွန်တိုင်တွေ ကိုလည်း အထင်းသား မြင်နေရပါတယ်။
တံခွန်တိုင်ကြီးတွေနဲ့ တွဲလျက် ရှိနေတဲ့ ဒေါကီး ရွာလေးရဲ့ ရွာလယ်လမ်းဘေး တနေရာမှာတော့ နေပူဆာလှုံရင်း ဂျပ်ခုတ်နေတဲ့ ကြေးကွင်းပတ် အသက် ၅၀ အရွယ် ကယန်း အမျိုးသမီးကြီးတဦးကို တွေ့ရပါတယ်။

ဦးခေါင်းက ဆံမြိတ်တွေကို မျက်ခုံးအထက်မှာ ညီညီညာညာ ညှပ်ထားပြီး ဆံထုံးကိုတော့ အစိမ်းနုရောင်နဲ့ အဝါရောင် ရှိတဲ့ ပဝါစနှစ်ခုနဲ့ ပတ်ထားပါတယ်။ ပခုံးပေါ်ကနေ မေးစေ့အထိ လည်တိုင်တခုလုံးကို ၄ ပိဿာ လောက်ရှိတဲ့ ကြေးခွေနဲ့ ပတ်ထားပြီး ဒူးဆစ်အောက်ကနေ ခြေမျက်စိ အထိလည်း ၂ ပိဿာလောက်ရှိတဲ့ ကြေးခွေတွေ ပတ်ထားပါတယ်။

ဒါတင် မကသေးပါဘူး။ လက်ကောက်ဝတ်မှာလည်း တလက်မလောက် ရှိတဲ့ ငွေရောင် လက်ကောက်တွေကို တဖက် ၄ ကွင်းလောက် ဝတ်ထားပြီး ရိုးရာ ဂျပ်ခုတ်ထည် အင်္ကျီကိုလည်း ဝတ်ထားပါသေးတယ်။ သူရက်လုပ် ထားတဲ့ ပုဝါတွေ၊ လွယ်အိတ်နဲ့ ရိုးရာရက်ထည် တွေကို အိမ်ရှေ့က ဆိုင်ခန်းလေးထဲမှာ ချိတ်ဆွဲထားပါတယ်။ အဲဒီ ဆိုင်ခန်းလေးက အိမ်ကလေးရဲ့ရှေ့ လမ်းမကို မျက်နှာမူပြီး ဖွင့်ထားတဲ့ ဆိုင်ခန်းလေးပါပဲ။ ဒီရွာကို လာလည် ကြတဲ့ နိုင်ငံခြားသားတွေနဲ့ လေ့လာသူတွေကို ရောင်းဖို့ပါ။
ဂျပ်ခုတ်နေတဲ့ ကယန်း အမျိုးသမီးကြီးက ထိုင်းနိုင်ငံက ကြေးပတ်ကယန်းရွာ တွေသွားပြီး အလုပ် လုပ်ခဲ့ ဖူးသူလည်း ဖြစ်ပါတယ်။ ထိုင်းနိုင်ငံမှာက နိုင်ငံခြားသား ခရီးသွားတွေကို စိတ်ဝင်စား ဆွဲဆောင်ဖို့ ကြေးပတ် ကယန်းတွေကို အခကြေးငွေယူပြီး ပြသတာ တွေ ရှိတယ်လို့ ဆိုပါတယ်။ ကယန်းစကားနဲ့ ထိုင်းစကားပဲ ပြောတတ်တဲ့ ကယန်းကြေးပတ် အမျိုးသမီးကြီးနဲ့ ထိုင်းလိုပဲ စကားပြော ဖြစ်ခဲ့ပါတယ်။

“ငယ်ငယ်ကတည်းက ရိုးရာအရ ဝတ်လာတာ ဆိုတော့ ကြေးခွေမရှိရင်တော့ နေရတာ တခုခုလိုနေ သလိုပဲ။ ကျမလည်ပင်းနဲ့ ခြေထောက်တွေမှာရှိတဲ့ ကြေးခွေတွေက သေတဲ့အထိ ကျမနဲ့ အတူရှိသွားမှာ” လို့ ဂျပ်ခုတ် နေရင်းက ပြောပြပါတယ်။

ရွမ်းကူနဲ့ ဒေါကီးရွာတွေ မှာတော့ ၂ ရွာပေါင်းမှ ကြေးကွင်းပတ်ထားဆဲ အမျိုးသမီး ၁၅ ယောက်လောက်ပဲ ကျန်ရှိပြီး ပန်ပက်ရွာနဲ့ပေါင်းရင် စုစုပေါင်း အယောက် ၂၀ ကျော်လောက်ပဲ ရှိတော့မယ်လို့ ရွမ်းကူရွာ အုပ်ချုပ်ရေးမှူး ဦးအောင်ကိုက ရှင်းပြပါတယ်။ ကြေးကွင်းပတ် အမျိုးသမီး အများစုဟာ အသက်ကြီးပိုင်း အရွယ် ဖြစ်ပြီး လူငယ်ပိုင်းတွေက ရိုးရာပွဲလမ်းသဘင်တွေက လွဲရင်ကျန်တဲ့ အချိန်မှာ ၀တ်ဆင်ခြင်း မပြုကြတော့ဘူး လို့ သိရပါတယ်။

အသက် ၄၀ ကျော်ပြီ ဖြစ်တဲ့ ဦးအောင်ကိုက “ဓလေ့အရဆိုရင် ၈ နှစ်လောက်က စပြီး ပတ်ကြတယ်။ ကျနော်တို့ ၁၆ နှစ်သားလောက်တုန်းက ဆိုရင် မိန်းကလေးတိုင်းလိုလို ကြေးပတ်ကြတယ်၊ အပျိုမတွေ ဆိုရင် ကြေးပတ်မှ လှတယ်၊ ကြေးခွေများများ ပတ်နိုင်မှ ပိုလှတယ်လို့ မြင်ကြတယ်။ ကြေးခွေ မပတ်နိုင်တဲ့သူတွေက ဆင်းရဲလို့ မပတ်နိုင်သူတွေပဲရှိတယ်၊ ကျနော့်မိန်းမ ဆိုရင် ဆင်းရဲတော့ ကြေး မပတ်နိုင်ဘူးလေ” လို့ သူက ရှင်းပြပါတယ်။

ခေတ်ယဉ်ကျေးမှု ဝတ်စားဆင်ယင်မှု တွေကြားမှာ ကူးလူးယှက်နွယ် လာတဲ့ ယခုလို ကာလမှာ ကယန်းလူငယ်တွေ ကြားထဲမှာလည်း ကြေးခွေပတ်ခြင်း ဓလေ့ဟာ စိတ်လွတ်လပ်မှုကို အဟန့်အတား တခုလို ဖြစ်လာနေတယ်လို့ တောင် ပြောဆိုလာကြတယ်လို့ ဆိုပါတယ်။

အသက် ၂၀ ကျော်အရွယ် ဘွဲ့ရပြီးသူ ကယန်းလဟွီ အမျိုးသမီးငယ်တဦးက “ကျောင်းတက်ချိန်၊ အများသူငါ ကြားထဲ သွားတဲ့ အခါတွေ ကျရင် တချို့က ကြေးခွေပတ်ထားတဲ့ ကိုယ့်ကို သီးခြားခွဲထွက်နေတဲ့ လူတဦးလို့ မြင်နေတယ် လို့ ခံစားရတယ်၊ ဒါ ကြောင့် မပတ်ဖြစ်တော့ဘူး။ တံခွန်တိုင် (ကယန်းရိုးရာ ဘာသာရေး) ပွဲတော်နေ့တွေ ဆိုရင်တော့ ကိုယ့်ရိုးရာ နေ့တွေ ဆိုရင်တော့ ပတ်တယ်” လို့ ဆိုပါတယ်။
တချို့ ကယန်းတွေက ကြေးပတ်လိုကြ ပေမယ့် လိုအပ်တဲ့ ကြေးကို မဝယ်နိုင်တာ၊ ကြေးရှားသွားတာ၊ ကြေးပတ် တတ်တဲ့ လူတွေ ထိုင်းနိုင်ငံဘက် ရောက်ကုန်တာ စတာတွေ ကလည်း ကြေးပတ်ကြဖို့ အခက်အခဲတွေနဲ့ ကြုံရစေတဲ့ အကြောင်းအရင်း တွေထဲက အချက်တွေပါ။
ရွမ်းကူရွာသူ ကြေးကွင်းပတ် အသက် ၆၀ ကျော်အရွယ် ကယန်းလဟွီ အမျိုးသမီးကြီး တဦးကတော့ `ကျမက ငယ်ငယ်လေး ကတည်းက ရိုးရာအတိုင်း ကြေးပတ်လာခဲ့တာ၊ အိပ်လည်း ဒီအတိုင်း၊ စားလည်း ဒီအတိုင်းပဲ၊ ကျမ သေတဲ့ အထိ စွန့်လွှတ်မှာ မဟုတ်ဘူး၊ အခု နောက်လူတွေက ဒီဓလေ့ကို စွန့်လွှတ်သွားကြ တာတော့ စိတ် မကောင်းဘူး” လို့ ဆိုပါတယ်။

ရွမ်းကူနဲ့ ဒေါကီးရွာတွေဟာ ၁၉၈၈ မတိုင်မီက ဓနိမိုး၊ သက်ငယ်မိုးပြီး ဝါး၊ သစ် စတာတွေနဲ့ တည်ဆောက် ထားကြတဲ့ အိမ်တွေသာ ရှိခဲ့ပြီး အခု နောက်ပိုင်းမှာတော့ တိုက်အိမ်တွေ ပေါများလာပါတယ်။ နိုင်ငံအတွင်း စီးပွားရေး အဆင်မပြေမှုတွေကြောင့် ထိုင်းနိုင်ငံဘက်ကို ကူးပြောင်း သွားကြပြီး အလုပ်လုပ်ကြတဲ့ ကယန်း တွေဟာ ရတဲ့ လစာတွေကို စုပြီး ရွာမှာ တိုက်အိမ်တွေ ပြန်ဆောက်ကြတာပါ။

ထိုင်းနိုင်ငံ မြောက်ပိုင်းမှာ နိုင်ငံခြားသားတွေကို အခကြေးငွေယူပြီး ပြသတဲ့ ကယန်းရွာတွေမှာ အလုပ် လုပ်နေ ကြတဲ့ ကြေးပတ်ကယန်းတွေ အများစုဟာ ဒီရွမ်းကူနဲ့ ဒေါကီးရွာတွေက သွားရောက်ပြီး အလုပ် လုပ်ကြသူတွေ ဖြစ်ကြပါတယ်။ ရွမ်းကူကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအောင်ကို ကိုယ်တိုင်လည်း ထိုင်းက ကြေးပတ်ကယန်းရွာ တွေမှာ နှစ်နဲ့ချီပြီး အလုပ်လုပ်ခဲ့ဖူးတယ် လို့ ဆိုပါတယ်။

“ရွာမှာက အလုပ်အကိုင် ကောင်းကောင်း မရှိဘူးလေ။ ဒီမှာ ကျနော်တို့ စိုက်တဲ့ တောင်ယာတွေက ကိုယ်စားဖို့ လောက်ပဲ ရကြတယ်၊ တခြားအလုပ်က မရှိဘူးလေ၊ ထိုင်းမှာက နိုင်ငံခြားသားတွေ လာကြည့်တယ်၊ ကိုယ် ရက်လုပ်ထားတဲ့ အထည်တွေ ဝယ်သွားရင် ပိုက်ဆံ အပိုရတယ်၊ လခကလည်းရတယ်၊ ထိုင်းမှာ အလုပ်လုပ်ရင် တလကို မြန်မာငွေ တသိန်းခွဲလောက် ကျန်တယ်၊ ဒီမှာက အဆင်မပြေကြဘူးလေ” လို့ ဆိုပါတယ်။

ထိုင်းမှာရှိတဲ့ ကယန်းတွေ အတွက် ထိုင်းလုပ်ငန်းရှင်တွေက ကြေးပတ်တတ်တဲ့ သူကို မြန်မာနိုင်ငံကနေ သီးသန့် ခေါ်ယူပေးထား သလို လိုအပ်တဲ့ ကြေးတွေကိုလည်း ရှာဖွေပေးတဲ့ အပြင် ရိုးရာ ရက်ထည်တွေ လုပ်ဖို့ အတွက်လည်း ပံ့ပိုးပေးတာ ကြောင့် သူတို့အတွက် လစာအပြင် အပိုဝင်ငွေ တွေလည်း ရရှိလို့ ပိုအဆင်ပြေတယ် လို့ ပြောပါတယ်။

ထိုင်းက ကယန်းရွာတွေမှာ အလုပ် လုပ်နေကြတဲ့ ရွမ်းကူနဲ့ ဒေါကီးရွာတွေက အမျိုးသမီးတွေ အများစုဟာ ထိုင်းမှာ အလုပ်အကိုင် အဆင်ပြေနေ ကြတာကြောင့် အလုပ်အကိုင် ဖွံ့ဖြိုးမှု အားနည်းနေတဲ့ မြန်မာပြည် နေရပ်ရင်းမှာ ပြန်ပြီး အလုပ် လုပ်ကိုင်ကြဖို့ အခက်အခဲတွေ ရှိနေကြတယ် လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံ၊ ချင်းမိုင်ခရိုင်ထဲမှာ ရှိတဲ့ ကယန်းရွာတွေက အဲဒီ ကြေးကွင်းပတ် အမျိုးသမီးတွေကို နိုင်ငံခြားသား တွေ ကြည့်ရှုဖို့ မနုဿ လှောင်ချိုင့် (Human Zoo) ပုံစံ လုပ်တယ် ဆိုပြီး ဝေဖန်ခံရမှုတွေ ရှိပါတယ်။ အဲဒီ ကိစ္စကို လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေက ဆန္ဒဖော်ထုတ် တောင်းဆိုကြဖို့ ပြင်ဆင်ကြ ပါသေးတယ်။

ဒါပေမယ့် အဲဒီလို ကန့်ကွက်တာကို ထိုင်းမှာ ရောက်နေတဲ့ တချို့ ကြေးကွင်းပတ် ကယန်းတွေက မလိုလားကြ ဘူး လို့ ဆိုပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ထိုင်းဘက်မှာက အလုပ်အကိုင်နဲ့ နေထိုင်စရာတွေက နေရင်းအရပ် မြန်မာနိုင်ငံထက် သာလွန်နေတာကြောင့် လို့ သိရပါတယ်။

ထိုင်းနိုင်ငံက ကယန်းရွာမှာ လုပ်ကိုင်နေတဲ့ ကြေးကွင်းပတ် အမျိုးသမီးတဦးက “ဘယ်သူ မဆို ကိုယ့်မြေ ကိုယ့်လူမျိုးကို ချစ်ကြတာပဲ၊ ဒါပေမယ့် ကိုယ့်ဆီမှာက လုပ်စားကိုင်စားစရာ မရှိတော့ ငတ်နေတယ်လေ။ ဘယ်သူမှ လာမကျွေးနိုင်ဘူး။ ဒါကြောင့် အဆင်ပြေတဲ့ နေရာမှာပဲ စီးပွားရေး အရ သွားလုပ်နေကြရ တာပေါ့၊ အခုချိန် မြန်မာပြည် ပြန်လည်း ဘာအလုပ်မှ မရှိဘူး၊ နွေဆိုရင် သောက်ရေတောင် သောက်စရာ မရှိဘူး၊ ဒီ (ထိုင်း) မှာက ရေမီးအစုံ ရာသီဥတု မရွေး ကျမတို့ကို ထားတယ်၊ ဒီအပေါ်မှာ သာယာနေတာတော့ မဟုတ်ပါ ဘူး၊ မြန်မာပြည်မှာ ကျမတို့ သားသမီးတွေ ငတ်ပြတ်နေတာ ကျမတို့ မကြည့်ရက်ဘူးလေ” လို့ ရှင်းပြပါတယ်။

အခုဆိုရင် ကြေးကွင်းပတ် ကယန်းတွေကို ထိုင်း-မြန်မာ နယ်စပ် မယ်ဟောင်ဆောင် ဒေသမှာတင် မကတော့ဘဲ နိုင်ငံခြားသားတွေ အလာများတဲ့ ချင်းမိုင်နဲ့ ချင်းရိုင် ဒေသတွေမှာပါ ရွာတွေ တည်ပြီး ထားလာကြ ပါတယ်။ သူတို့ရွာတွေထဲကို ဝင်ရောက် လေ့လာလိုတဲ့ နိုင်ငံခြားသားတွေ အနေနဲ့ကတော့ တဦးကို ဘက် ၅၀ဝ (မြန်မာငွေ ကျပ် ၁ သောင်းခွဲခန့်) ဝင်ကြေး ပေးရပါတယ်။

ဒီရွာတွေကို လာရောက် လည်ပတ်ကြတဲ့ နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသည် တွေက ကြေးကွင်းပတ်ကယန်း အမျိုးသမီးတွေကို ထိုင်းနိုင်ငံဖွား ထိုင်းနိုင်ငံသားတွေလို့ ထင်မြင်နေကြတာ ကိုတော့ အဲဒီရွာတွေမှာ အလုပ် လုပ်ကိုင်နေကြတဲ့ ကြေးကွင်းပတ် အမျိုးသမီးတွေ ကိုယ်တိုင်က ကြိုက်နှစ်သက်မှု မရှိကြဘူးလို့ ဆိုပါတယ်။
“ကယန်းအလှ” လို့ အမည်ရတဲ့ ကြေးပတ်ကယန်း လဟွီတွေ အကြောင်းကို ရုပ်ရှင်ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ ဦးအောင်ကိုလတ် ကတော့ “ကြေးပတ် ကယန်းတွေဟာ မြန်မာနိုင်ငံက ဖြစ်တယ် ဆိုတာ သက်သေပြချင်လို့” ရိုက်ကူး တင်ဆက်ခဲ့တာ ဆိုပြီး ဧရာဝတီနဲ့ အင်တာဗျူး တခုမှာ ပြောဆိုခဲ့ပါတယ်။

သူ ရိုက်ကူးခဲ့တဲ့ “ကယန်းအလှ” ဇာတ်ကားဟာ ပြီးခဲ့တဲ့ နှစ် မတ်လထဲမှာ မလေးရှားနိုင်ငံမှာ ကျင်းပတဲ့ အာဆီယံ နိုင်ငံတကာ ရုပ်ရှင်ပွဲတော်မှာ ဆုဆွတ်ခူးခဲ့သလို မြန်မာနိုင်ငံရဲ့ ၂၀၁၂ ခုနှစ် အကယ်ဒမီဆု ပေးပွဲမှာလည်း အကောင်းဆုံး ရုပ်ရှင်ထူးချွန်ဆုတွေထဲက ရုပ်ရှင် အသံဆုနဲ့ ဓာတ်ပုံဆုတွေ ဆွတ်ခူးနိုင်ခဲ့ပါ တယ်။ ပြီးတော့ မလေးရှား နိုင်ငံမှာ ကျင်းပတဲ့ AIFFA 2013(Asian International Film Festival and Award 2013) ရုပ်ရှင်ပွဲတော်မှာ Special Jury Award ဆုကို ဆွတ်ခူးရရှိခဲ့ပါတယ်။
ထိုင်းနိုင်ငံက ကယန်းရွာတွေမှာ ကြေးပတ်တဲ့ သူတွေ တိုးပွားလာနေချိန်မှာ နေရင်းရပ် အမိမြေမှာတော့ ကြေးပတ် ကယန်းတွေက တနိုင်ငံလုံးပေါင်းလို့ ကြေးပတ်တဲ့သူ အယောက် ၅၀ တောင် မပြည့်တော့ဘူး လို့ ကယန်းလဟွီ တိုင်းရင်းသားလည်းဖြစ်၊ “ကယန်းလူမျိုး၊ ကယန်းဓလေ့” စာအုပ်ကို ပြုစုရေးသားပြီး ၂၀ဝ၉ ခုနှစ်က အမျိုးသား စာပေဆုရရှိခဲ့သူ ဦးကျော်သန်း (ဖယ်ခုံ) က ရှင်းပြပါတယ်။

“အခုဟာက ကြေးပတ်က ပန်ပက်အုပ်စု (ပန်ပက်၊ ရွမ်းကူ၊ ဒေါကီး) ဘက်မှာ ဆယ်ဂဏန်း လောက်ပဲ ရှိတော့တယ်၊ မိုးဗြဲဘက်မှာ အရင် ၅ ယောက်လောက် ကျန်သေးတယ်။ အခု မရှိတော့ဘူး၊ ဖယ်ခုံမြို့နယ် ထဲမှာတော့ တယောက်စ၊ နှစ်ယောက်စ တော့ ရှိသေးတယ်။ ထိုင်းဘက် ကတော့ဗျာ စီးပွားရေး အရ ခေါ်ပြီး လုပ်တာပေါ့” လို့ သူက ရှင်းပြပါတယ်။

ကယန်းလဟွီ လူမျိုးတွေရဲ့ ကြေးကွင်းပတ် ဓလေ့တွေ ပျောက်လုလု အထိ လျော့ကျလာတာနဲ့ ပတ်သက်ပြီး ကယန်းစာပေ၊ ကယန်းယဉ်ကျေးမှု အဖွဲ့အပါအဝင် ဘက်စုံပါဝင်တဲ့ ကယန်းလူမျိုး အဖွဲ့အစည်း အသီးသီးက လည်း ၂၀၁၄ ခုနှစ် နှစ်ဆန်းပိုင်းမှာ တွေ့ဆုံ ဆွေးနွေးခဲ့ကြ ပေမယ့် ဆက်လက် ထိန်းသိမ်းနိုင်ဖို့ ရေရှည် တည်တံ့မယ့် အစီအစဉ်တွေ ကိုတော့ မရေးဆွဲနိုင်ခဲ့ကြ ပါဘူး။

“လျော့နည်း သွားတာတော့ အမှန်ပဲ၊ နည်းသွားတဲ့ အကြောင်းအရင်းက ခန္ဓာကိုယ်မှာ ဝတ်ဆင်ထားတဲ့ ကြေးကလည်း မနည်းဘူး၊ ဒီကြေးတွေရဲ့ အလေးချိန်ကလည်း မနည်းဘူး၊ ဆိုတော့ ခေတ်ကာလတွေ ပြောင်းလာတာနဲ့ ဒါဟာ ခေတ်မညီတော့ဘူး၊ ဝန်ထုပ် ဝန်ပိုးကြီး တခုလို ဖြစ်လာတယ် ဆိုတဲ့ သဘောနဲ့ မပတ်ချင်ကြတာ များတယ်” လို့ ကယန်း စာပေနဲ့ ယဉ်ကျေးမှု ဥက္ကဋ္ဌ ဦးတုတ်ပေါကလည်း ပြောပါတယ်။

ကယန်းမျိုးနွယ်စုတွေ ဖြစ်တဲ့ ကယန်း ကငန်၊ ကယန်း လထာ၊ ကယန်း ဂေခို-ဂေဘား၊ ကယန်းလဟွီ ဆိုတဲ့ ကယန်းမျိုးနွယ်စု ၄ စုထဲမှာ ကယန်းလဟွီ မျိုးနွယ်စုရဲ့ ကြေးပတ်ဓလေ့ဟာ ထင်ရှားခဲ့ပေမယ့် လွတ်လပ်ရေး ရပြီး နောက်ပိုင်းမှာ ကတည်းက ကြေးပတ်တဲ့ ဓလေ့ဟာ တဖြည်းဖြည်း လျော့ကျလာခဲ့တာ ဖြစ်တယ်လို့ ထိုင်း-မြန်မာ နယ်စပ်မှာ အခြေ စိုက်ပြီး မြန်မာ့ ဒီမိုကရေစီ အရေးနဲ့ တိုင်းရင်းသား အရေးတွေ လုပ်ဆောင်နေတဲ့ ကယန်းလဟွီ လူမျိုး ဦးခွန်မာကိုဘန်းက ပြောပါတယ်။

အသက် ၆၀ ကျော်ပြီ ဖြစ်တဲ့ ဦးခွန်မာကိုဘန်းက “အရင်တုန်းက သူ့ အုပ်စုနဲ့သူ တောတောင်ထဲမှာ နေတော့ ဒါကို ဂုဏ်ယူကြတယ် လေ။ ဒုတိယ ကမ္ဘာစစ် ကာလမှာ ဖက်စစ်ဂျပန်နယ်ချဲ့တွေ ကလည်း ကျနော်တို့ နယ်မြေထဲ ဝင်လာတော့ လူစုတွေ ကွဲကုန်တယ်။ တခြားနေရာတွေ ရောက်ကုန်ကြတဲ့ ကျနော်တို့ လူမျိုးတွေက တခြား လူမျိုးတွေနဲ့ ဆက်ဆံလာတဲ့ အခါကျတော့ ဒါတွေဟာ လေး တယ် ဆိုတာမျိုး မြင်လာကြပြီး ကြေးပတ်တာကို စွန့်လွှတ်ခဲ့ကြတယ်၊ အခု ဆိုရင် ကြေးပတ်တဲ့လူ ၁ ရာခိုင်နှုန်းတောင် မပြည့် တော့ ဘူး” လို့ ဆိုပါတယ်။

ဦးခွန်မာကိုဘန်းက ဆက်လက်ပြီးတော့ “ကြေး ပတ်တွေကို စွန့်လွှတ်လိုက်တယ် ဆိုတာက တနည်းအားဖြင့် ကျန်းမာရေး အရပဲ ကြည့်ကြည့် အင်မတန် ကောင်းတဲ့ ပြောင်းလဲမှုတခုပဲ လို့ ကျနော်တော့ အဲဒီလို မြင်တယ်။ သူ့အချိန် သူ့အခါအရ ပြောင်းလဲသွားတာ ဟာလည်း ဝမ်းသာစရာပါ၊ ဒါပေမယ့် နေ့ကြီးရက်မြတ်တွေ ဆိုရင် တော့ ဒီဓလေ့တွေ မပပျောက်ဖို့ အရင်တုန်းက ငါတို့မှာ ဒီလို ဒီဓလေ့တွေ ရှိတယ် ဆိုတာ ထိန်းသိမ်း စောင့်ရှောက်ဖို့တော့ လိုတယ်” လို့ ဆိုပါတယ်။

အခုလက်ရှိ ကြေးကွင်းပတ်နေဆဲ ကယန်းတွေ ကတော့ ကယန်းကြေးပတ်ဓလေ့ရဲ့ နောက်ဆုံး ကြေးကွင်းပတ် မျိုးဆက်တွေ ဖြစ်ဖွယ်ရှိပြီး ထိုင်းနိုင်ငံက မြန်မာနိုင်ငံမှာထက် ကြေးပတ်မယ်တွေ ပိုပြီး ကျန်အောင် ထိန်းသိမ်းသွားနိုင် လိမ့်မယ်လို့ ကယန်းယဉ်ကျေးမှု လေ့လာသူတွေက ပြောပါတယ်။

ကယန်း တိုင်းရင်းသား ခေါင်းဆောင်တွေက ထိုင်းမှာ ရောက်နေကြတဲ့ ကြေးပတ်ကယန်းတွေ မွေးရပ်မြေကို ပြန်လာပြီး နေထိုင်စေ လို တဲ့ ဆန္ဒတွေ ရှိကြပါတယ်။ ဒါပေမယ့် သူတို့ အတွက် ထိုင်းနိုင်ငံမှာ ရရှိနေတဲ့ အလုပ်အကိုင်နဲ့ ဝင်ငွေမျိုးတွေ ဖန်တီးပေးနိုင်ဖို့က ခက်ခဲနေပါတယ်။ အဲဒါ အပြင် လက်ရှိ ကယန်းရွာတွေမှာ ရှိနေတဲ့ ကြေးကွင်းပတ်ကယန်း တွေကတောင်  ထိုင်းနိုင်ငံကို သွားရောက် ဖို့ ခြေဦးတပြင်ပြင် လုပ်နေကြပါပြီ။

ဒါ့အပြင် ကြေးပတ် ကယန်းလဟွီတွေနဲ့ ဒေသ တခုတည်းမှာ အတူ နေထိုင်ပြီး လည်တိုင်ကနေ ရင်ညွှန့် အထိ ငွေဒင်္ဂါး ပြားတွေဆွဲတဲ့ ဓလေ့ ရှိတဲ့ ကယန်းကငန် မျိုးနွယ်တွေဟာလည်း ထိုင်းနိုင်ငံက ပြုလုပ် ပေးထားတဲ့ ကယန်းရွာတွေကို သူတို့ စားဝတ်နေရေး နဲ့ အလုပ်အကိုင် ရရှိရေး အတွက် ခြေဦးလှည့်နေကြ ပါပြီ။ ကယန်းကငန်တွေရဲ့ ရိုးရာဓလေ့ ဝတ်စား ဆင်ယင်မှုကလည်း နိုင်ငံခြားသားတွေ အတွက် အထူးတဆန်း ဖြစ်နေတာကြောင့် ထိုင်းစီးပွားရေး လုပ်ငန်းရှင်တွေ ကလည်း ကြေးကွင်းပတ် ကယန်းလဟွီနဲ့ ယကန်းကငန် တိုင်းရင်းသားတွေကို လက်ခံကြိုဆိုလျက် ရှိနေတယ်လို့ သိရပါတယ်။

လူတွေ ရုတ်တရက်အိပ်ပျော်ကုန်ကြတဲ့ ရုရှားနိုင်ငံက မြို့ဟောင်း














အလွန်ထူးဆန်းတဲ့အခြေအနေတစ်ခုကို ကာဇစတန်နိုင်ငံရဲ့ Kalachi ရွာဒေသတစ်ဝိုက်နဲ့ ရုရှားနိုင်ငံရဲ့ ဆိုဗီယက် လက်ကျန်မြို့ဟောင်း Krasnogorsk တို့မှာ ကြုံတွေ့နေရတယ် လို့ဆိုပါတယ်။

ဒီဒေသတစ်ဝိုက်မှာ နေထိုင်တဲ့လူတွေဟာ ဘာကြောင့် ရုတ်တရက် အိပ်ပျော်ကုန်ကြတယ်ဆိုတာကို ပညာရှင်တွေဟာ  အဖြေရှာမရဖြစ်နေပြီး ဒီလိုအိပ်ပြောတယ်ဆိုရင်လည်း ၆ ရက်လောက်ကြာတတ်တယ်လို့ ဆိုပါတယ်။

လျှို့ဝှက်သည်းဖို ဝတ္ထုတွေထဲကလိုဖြစ်နေတဲ့ ဒီအခြေအနေရဲ့ နောက်ကွယ်က အကြောင်းအရင်းကို ဘယ်သူမှ မသိသေးပါဘူး။

ဒီအခြေအနေဟာ တစ်ချိန်လုံးဖြစ်နေတာ မဟုတ်ဘဲ   လှိုင်းတွေလို တစ်ခုပြီးမှတစ်ခု လာတတ်တယ်လို့ဆိုပါတယ်။ ပထမဆုံးဖြစ်ခဲ့တာက မတ်လ ၂၀၁၃ မှာ ဖြစ်ပြီး မေလမှာ ထပ်မံ ပေါ်ပေါက်လာခဲ့ပါတယ်။ လက်ရှိ ၂၀၁၄ ခုနှစ်အတွင်းမှာလည်း သုံးကြိမ်ထက်မက ဖြစ်ခဲ့ပြီးပါပြီ။
ဒီဒေသဟာ  လူဦးရေသိပ်မများပေမဲ့ ဖြစ်လာပြီဆိုရင် လူပေါင်း ၄၀ ကနေ ၆၀ ထိ ခံစားရတယ်လို့ဆိုပါတယ်။

အနီးနားမှာရှိတဲ့ ယူရေနီယမ် သတ္တမိုင်းကြောင့် ဖြစ်တယ်လို့ ယုံကြည်ခဲ့ကြပြီး မြေ၊ ရေ၊ လေ၊ သွေး၊ ဆံပင်၊ လက်သည်း တို့အပါအဝင် ဒေသထွက် အရက်ကစလို့ ဓာတ်ရောင်ခြည်တွေထိ စမ်းသပ်မှုပေါင်း ၇၀၀၀နီးပါး ပြုလုပ်ခဲ့ပြီးပေမဲ့ ကျွမ်းကျင်သူတွေဟာ ခုချိန်ထိ အဖြေရှာမတွေ့သေးပါဘူး။
အသက် ၅၀ အရွယ် နွားနို့ထွက်ကုန် အလုပ်သမား Maria Felk ဟာ ဒီအခြေအနေကို  ခံစားခဲ့ရတဲ့ ပထမဆုံးလူတွေထဲက တစ်ယောက်ပါ။

“ပုံမှန်အတိုင်းပဲ ကျွန်မ နွားနို့ညစ်နေတာ။ မနက် အစောကြီးပေါ့။ နောက်တော့ ကျွန်မအိပ်ပျော်သွားကော။ ဘာမှ မမှတ်မိဘူး။ ကျွန်မ ပြန်နိုးလာတော့ ဆေးရုံပေါ်မှာ။ နာစ့်မက ကျွန်မကိုပြုံးပြီး ပြောတယ်။ အိပ်ပျော်နေတဲ့မင်းသမီးလေး ကြိုဆိုပါတယ်။ နောက်ဆုံးတော့ နိုးလာပြီပေါ့တဲ့။ ကျွန်မ ဘာမှတ်မိသေးလဲဆိုတော့ ဘာမှမမှတ်မိဘူး။ နှစ်ရက်နှစ်ည အိပ်ခဲ့တယ်” လို့ Maria Felk က ပြောပါတယ်။

ဒီအခြေအနေဟာ ဒေသခံတွေတင်မဟုတ်ပဲ  ဒီဒေသထဲ အလည်လာမိသူတွေကိုပါဖြစ်နေတယ် လို့ဆိုပါတယ်။
ဒီဒေသရဲ့ခရိုင်ဆရာဝန် Kabdrashit Almagambetov က  “လူနာတွေ နိုးလာရင် သူတို့က ဘာမှမမှတ်မိဘူး။ သူတို့ ဇာတ်လမ်း က တစ်ပုံစံတည်းတွေကြည့်ပဲ” လို့ဆိုပါတယ်.....

ကမ္ဘာ့ အလှပဆုံး မြစ်

ကမ္ဘာ့ အလှပဆုံး မြစ်

ကမ္ဘာ့ အလှပဆုံး မြစ် အလွန်ပဲ လှပ ဆန်းပြားသော မြစ်တစ်စင်း ဖြစ်ပါတယ်။ မြင်ရသူအဖို့ စိတ်ကြည်နူးမှုကို ရရှိစေနိုင်တယ်လို့ ဆိုပါတယ်။ အမေရိကန် နိုင်ငံ ကယ်လီဖိုးနီးယား ပြည်နယ်မှာ တည်ရှိပါတယ်။ ၎င်းမြစ်ကိုတော့ ကနိုကရစ္စတယ်လ်လို့ အမည်ပေးထား ပါတယ်။
မြစ်၏ အောက်ခြေကြမ်းပြင်တွင် အရောင်အသွေးစုံလင်လှသော အပင်များကို တွေ့မြင်နိုင်ပါတယ်။ အနီ၊ အဝါ၊ အစိမ်း၊ ပန်းရောင် စသော အရောင်စုံ အပင်များက မြစ်ကို လှပအောင် ဖန်တီး ပေးထားပါတယ်။ ဒါကြောင့် မြင်တွေ့ရသူတိုင်းကို ပန်းခင်းသဖွယ် ထင်စေနိုင်ပါတယ်။ ထို့ပြင် ကြည်လင်နေသော ရေတွေကလည်း မြင်ရသူတိုင်းကို စိတ်ကြည်နူး စေပါတယ်။
ဒီလို အရောင်စုံ လှပလျက် ရှိသော ကယ်လီဖိုးနီးယားမှ ကနိုကရစ္စတယ်လ် မြစ်ကို ကမ္ဘာပေါ်မှာ အလှပဆုံး မြစ်တစ်စင်း အဖြစ်သတ်မှတ်လိုက်ရ ပါတယ်။ 

Buddha သက်မဲ့ ဘုရားနှင့် သက်ရှိ ရဟန်း ဘယ်အလှူ ပိုမြတ်သနည်း


Buddha သက်မဲ့ ဘုရားနှင့် သက်ရှိ ရဟန်း ဘယ်အလှူ ပိုမြတ်သနည်း

buddhaမိတ်ဆွေတစ်ဦးက မေးလာသော မေးခွန်း ဖြစ်ပါသည်။
"ပရိတ်နိဗ္ဗာန်ပြုပြီးဖြစ်သောဘုရားရှင် နှင့် သက်ရှိထင်ရှား သီလ၊ သမာဓိ၊ ပညာနှင့် ပြည့်စုံသော ရဟန်းတော် ဤရတနာနှစ်ပါးကို ဆွမ်းလှုခြင်းတွင် မည်သည်က မြတ်ပါသနည်း" ဟူ၍ ဖြစ်ပါသည်။ စာဖတ်သူတို့လည်း မည်သို့ ထင်မြင်ပါသနည်း။
ဗုဒ္ဓမြတ်စွာဘုရား သက်ရှိထင်ရှားရှိစဉ်ကပင် ဘုရားသားတော် ရဟန်းများ ကို ကိုးကွယ်ဆည်းကပ်ရန် မှာကြားခဲ့ပြီးသား ဖြစ်သည်။ ယင်းသို့ မှာကြားခဲ့ခြင်းကြောင့် ယနေ့တိုင် ဘုရားသားတော် ရှင်ရဟန်း၊ ဆရာတော် များကို ဗုဒ္ဓဘာသာဝင်တို့ ကိုးကွယ်ဆည်းကပ်ပါသည်။ သို့ပါသောကြောင့် သာသနာတော် တည်တံ့ပြန့်ပွားရသည်။
ထိုသို့ သာသနာအဓွန့်ရှည်စေရန် မျှော်မှန်း၍ ဟောကြားပေးအပ်ခဲ့သော ဗုဒ္ဓမြတ်စွာဘုရား၏ ကျေးဇူးတော်ကို လည်းကောင်း၊ ရှင်တော် ဘုရား ဟောကြားအပ်သော တရားတော်များကို နာကြားနေ ရသော ကြောင့်လည်းကောင်း၊ သာသနာ့ဘောင်အတွင်းတွင် နေထိုင် အသက်ရှင် နေရသောကြောင့် လည်းကောင်း အစရှိသဖြင့် အကျိုးကျေးဇူး များစွာကို သိရှိနားလည်သည့် အနေဖြင့် အသက်မရှိတော့သော်လည်း ရှိသည်အမှတ်ဖြင့် နေ့စဉ် ကိုးကွယ်ခြင်း အလုပ်သည် ထူးကဲသော ကုသိုလ်တစ်မျိုးပင် ဖြစ်သည်။ ဘုရားရှိခိုးပူဇော်သည့် အခါတိုင်း ဗိုလ်ငါးပါး ဟုခေါ်သည် သဒ္ဒါ၊ သတိ၊ သမာဓိ၊ ပညာ၊ ဝီရိယ တို့ကပ်ပါလျှင် ပို၍ ထူးကဲ များပြားသော ကုသိုလ်ထူးကို ရအပ်သည်။
နိဗ္ဗါန်ကို ရည်မှန်း၍ ပြုသော အလှူမှန်လျှင် ပုဂ္ဂိုလ်ဆွဲ မရှိ၊ အယုတ် အလတ်၊အမြတ်မရွေး လှူဒါန်းရမည်ဟုလည်း ဟောကြားထားသည် ကိုလည်း အချက်ပိုအနေဖြင့် သိရှိ မှတ်သားစေလိုပါသည်။
ထို့ကြောင့် ရှင်တော် ရဟန်းများအား ဆွမ်းကပ်ခြင်းအပြင် နေ့စဉ် ဘုရားဆွမ်းတော်တင်ခြင်း၊ ဆီမီး၊ရေ၊ပန်း ကပ်လှူပူဇော်ခြင်း ကလည်း ပြုလုပ်အပ်သော ကုသိုလ်ထူး တစ်ခုဖြစ်ပါကြောင်း အသိပေးပြီး နိဂုံးချုပ်အပ် ပါသည်။

မြန်မာတို့ အလှူမှာ မှန်စေဖို့ လမ်းညွန်


မြန်မာတို့ အလှူမှာ မှန်စေဖို့ လမ်းညွန်

danaမြန်မာ လူမျိုးများအား အခြား တိုင်းပြည်က လူမျိုးများနဲ့ ယှဉ်လိုက်ရင် အလှူအတန်း ပြုရာမှာ နောက်ကျ ကျန်ရှိ မရှိတာကို ဝမ်းသာစွာ တွေ့မြင်ရ ပါတယ်။ သို့ပေမယ့် ဝမ်းနည်းစွာ တွေ့မြင်ရတာ တစ်ခုက အချို့ဟာ မှားယွင်းစွာ အလှူဒါန ပြုနေခြင်း ဖြစ်ပါတယ်။ ဒီတော့ အလှူကောင်း အလှူမှန် ဖြစ်စေဖို့ အတိုဆုံး ဖြစ်အောင် ရေးသားလို့ မျှဝေ ပေးလိုက် ရပါတယ်။
ဘယ်သူ့ကို လှူမလဲ
အလှူလက်ခံ ရရှိမယ့် သူ အနေနဲ့ မြတ်စွာ ဘုရား သားတော်များ ဖြစ်တဲ့ သံဃာတော် များကို လှူတန်းခြင်း (သံဃ အလှူ) က အမြတ်ဆုံးလို့ ရေဘုယျအားဖြင့် ဆိုထားပေမယ့်၊ နိဗ္ဗာန် ကို ရည်စူးလို့ လှူတန်းသူများက လူစွဲ ပုဂ္ဂိုလ်စွဲ စွဲပြီးတော့ လှူလို့ မရ ပါဘူး။ အယုတ် အလတ်၊ အမြတ် မရွေး ပုဂ္ဂိုလ် သတ္တဝါ အစွဲမရှိပဲ လှူတန်း တတ်ဖို့ လိုပါတယ်။ သို့ပေမယ့် သီလ သမာဓိ တို့နဲ့  ပြည့်စုံတဲ့ သူများကို လှူတန်းခြင်းက ပိုမို ကြီးမားတဲ့ အကျိုး ကျေးဇူးကို ပေးကြောင်း မြတ်စွာ ဘုရားရှင်က ဟောထား ပါတယ်။ ယနေ့မှာ ပုဂ္ဂိုလ်စွဲ လူစွဲ လှူနေ သူများ ကြောင့် ဗုဒ္ဓဘာသာဝင် များရဲ့ အလှူဟာ ဘာသာခြားများ အမြင်မှာ ရှက်စရာ ဖြစ်နေ ပါတယ်။ ဒီတော့ လိုအပ်သော နေရာ၊ နဲ့ ဘယ်လို ပုဂ္ဂိုလ် မျိုး၊ ကျောင်းကန် မျိုးကို မဆို လှူဒါန်းရန် သင့်ပါတယ်။
ဘယ်လို စိတ်ထားလို့ လှူမလဲ
မလှူခင်မှာ ပွားများနေတဲ့ သဒ္ဒါ စေတနာ စိတ်၊ လှူဆဲ ကာလ အတွင်း ပွားများ ထက်သန် နေသော သဒ္ဒါ စေတနာ စိတ်၊ လှူပြီးတော့ အမြဲ လိုလို အောင့်မေ့ ပီတိ ဝမ်းသာ ဖြစ်နေသော သဒ္ဒါ စေတနာ စိတ် ယင်း စိတ် သုံးခုနဲ့ ယှဉ်လို့ လှူဒါန်းတဲ့ အခါမှာ အလှူဟာ အင်မတန် ထိရောက်ပြီး နိဗ္ဗာန် မရောက်ခင် ဆက်ကြား ကာလ အတွင်း များစွာ အကျိုးကောင်း ဖြစ်ထွန်း စေ ပါတယ်။
ဘယ်လို သိလို့ လှူရမလဲ
အလှူ တစ်ခုကို ပြုလုပ်တဲ့ အခါ အနည်းဆုံး အားဖြင့် ကိုယ့်ဆီမှာ ပါလာတာက အလောဘ ဖြစ်ပါတယ်။ လောဘ ဆိုတဲ့ တပ်မက်ခြင်း ဆိုတဲ့ တဏှာ တစ်ခုက သေချာ ပြုတ်နေ ပါပြီ။ အနည်းအများ တော့ ကွာ ပါတယ်။ တဏှာ ပြုတ်ရုံလေး ပါတဲ့ အလှူက သာမန် အလှူပါ။ ရတနာ သုံးပါးကို ယုံကြည်သော ကိုးကွယ် သဒ္ဒါစိတ်၊ ကံကံ ၏ အကျိုးကို ယုံကြည်သော စိတ် တို့ ပါပြီး တွန့်တိုတဲ့ မစ္စရိယ စိတ်ကို တွန်းလှန်လို့ လှူဒါန်း လိုက်တဲ့ အခါ အလှူအကျိုးကို သိရှိ ပြီး ထက်ထက်သန်သန် လှူဒါန်း ဒါကြောင့် အင်မတန် ထက်မြတ်တဲ့ အလှူ ဖြစ်ပါတယ်။
လှူခြင်း ရည်ရွယ်ချက်
ရည်ရွယ်ချက် အနေနဲ့ ပတ်ဝန်းကျင်က အပြိုင်အဆိုင် များကို ယှဉ်ပြိုင်လို့ လှူဒါန်းခြင်း၊ နောက်ဘဝ ချမ်းသာချင်သဖြင့် လှူဒါန်းခြင်း၊ သုဂတိ ဘုံ မှန်းထား လှူဒါန်းခြင်း၊ သူများ လှူသဖြင့် မကောင်း တတ်လို့ လှူခြင်း၊ ထုံးတန်း စဉ်လာအရ လှူရမည်ဟု သိသဖြင့် လှူခြင်းတို့က ဥာဏ်မပါတဲ့ အလှူ ဖြစ်ပါတယ်။ ဂုဏ် ပကာသန တို့ကို ယှဉ်ထားလို့ လှူတဲ့ အလှူက ကောင်းကျိုးပေး ပေမယ့် မပေးသလောက် နည်းအောင်သာ ပေးပါတယ်။ ဒီတော့ လှူဒါန်းတဲ့ ရည်ရွယ်ချက်က အထက်က ပြောခဲ့ သလိုပဲ လောဘ ပယ်သတ်ရန်၊ နိဗ္ဗာန် ကိုရည်စူး မှန်းထား လှူရ ပါမယ်။ နိဗ္ဗာန် မရောက်ရင်တော့ ကြားဆက်ကြား ကာလ အတွင်း တရား ကျင့်ကြံ အားထုတ်ဖို့ ကောင်း ကျိုးတွေ ပေးမှာကြောင့် ဖြစ်လေ ရာ ဘုံဘဝ ချမ်းသာမှာက ဆုမတောင်းလဲ ကြိမ်းသေ ရ ပါတယ်။
အလှူ ပမာဏ ဘယ်လောက် များရမလဲ
မလှူလို့ မရှိ၊ မရှိလို့ မလှူ ဟူသည့် ဆောင်ပုဒ်ကို မှတ်သားလို့ ငွေကြေး ချို့တဲ့ သူများက ငါတို့ ကတော့ မလှူနိုင် ပါဘူး။ မလုပ်နိုင်ပါဘူး။ သူတို့က ချမ်းသာတယ် လှူကြပေါ့ အစရှိသဖြင့် ပြောကြ ပါတယ်။ အမှန်တော့ အလှူဆိုတာ အရေအတွက် နဲ့ မဆိုင် ပါဘူး။ အရည်အသွေးနဲ့သာ ဆိုင်ခြင်း ဖြစ်ပါတယ်။ ဘုရားဟော ဇာတ်တော်ကြီး တစ်ခုတည်းမှာ သူဌေးကြီး တစ်ဦးဟာ သေခါနီး သူပြန်သတိရတဲ့ အလှူက ဘုရားသားတော် ရဟန်းများကို ဆွမ်းကပ်တဲ့ မဟာအလှူ မဟုတ်ပဲ လမ်းဘေး ခွေး တစ်ကောင်ကို ထမင်းကျွေးဖူးတဲ့ အလှူကို သွား သတိရ ပါတယ်။ အကြောင်း ကတော့ ခွေးလေးကို ကျွေးစဉ်မှာ သူ့ဆီ ထားရှိတဲ့ စိတ် အရည်အသွေးက အင်မတန် ထက်သန် နေလို့ ဖြစ်ပါတယ်။ ဘုရားသားတော် များကို လှူဒါန်းချိန်က သူ့စိတ် ထားရှိမှုက အရည် အသွေး မပြည့်ဝ ပါဘူး။ ဥပမာ - ဥာဏ်မပါခြင်း၊ လိုချင်တပ်မက်သော အလှူ ဖြစ်ခြင်း၊ ထုံးတန်း အရ လှူခြင်း တို့ကြောင့် အရေအတွက် များသော်လည်း အရည်အသွေး ချို့ရခြင်း ဖြစ်ပါတယ်။  ဒါကြောင့်မို့ ဆိုလိုချင် တာ ကတော့ အလှူ တစ်ခု ပြုလုပ်ဖို့ အတွက် ငွေ တစ်ကျပ် မရှိလဲ ရ ပါတယ်။ ကိုယ်တိုင် လှူခြင်း၊ လှူသူကို တိုက်တွန်း လမ်းညွန် ကူညီ ခြင်း၊ လှူသူကို ချီးမွမ်း ခြင်း၊ လှူသူ၏ စိတ်နှင့် ထပ်တူ ဝမ်းသာ ပီတိ ဖြစ်ခြင်း အစရှိတဲ့ အင်္ဂါများနဲ့ ပြည့်စုံရင် အလှူလုပ်နေ တာပါပဲ။ နောက်ဆုံး လှူစရာ မရှိရင် သွေးလှူခြင်း၊ ဆံပင် လှူဒါန်း ခြင်းတောင် ပြုလုပ်လို့ ရပါတယ်။ ဘုရားထံ ရေတစ်ခွက် ကပ်တာလဲ အလှူ ပါပဲ။ အလှူငွေ တစ်ရာကို စေတနာ သဒ္ဒါ ထက်ထက် သန်သန်နဲ့ လှူဒါ ကလည်း အလှူ ပါပဲ။
အနှစ်ချုပ်
အလှူနှင့် ပက်သက်ပြီးတော့ အဘိဓမ္မာ နဲ့ အခြားသော ဆရာတော် ဘုရားများ ဟောကြားထားတဲ့ တရား တော် များကို နာကြား ကြဖို့ တိုက်တွန်း လိုပါတယ်။ စာရေးသူရဲ့ အနှစ်ချုပ် ဆောင်းပါး ကိုလည်း ဖတ်ရှုလို့ ကမ္ဘာ့ အကောင်းဆုံးသော အလှူမျိုးကို လှူဒါန်း နိုင်ကြဖို့ ဆုမွန်ကောင်း တောင်းပေး လိုက်ရ ပါတယ်။