EXTRAORDINARY
Monday, March 2, 2015
Saturday, June 28, 2014
MiniTool Partition Wizard Professional Edition 8.1.1 Full + Keygen ဒေါင်းရန်
MiniTool Partition Wizard Professional Edition 8.1.1 Full + Keygen ဒေါင်းရန်
မင်္ဂလာပါဗျာ.. ဒီဆော့ဝဲလ်လေးကတော့ MiniTool Partition လေးပါ.. တနည်းအားဖြင့်ပြောရရင် partition Manager ဆော့ဝဲလ်ပါ. Hard Disk တွေကို Resize Partition, Move Partition, Merge Partition, Extend Partition, Split Partition, Change Cluster Size, Copy Partition, Copy Disk, Create, Delete and Format partitions, Convert and Explore partitions, Hide and Unhide partitions, Convert Dynamic Disk to Basic Disk အပြင်အခြားလုပ်ဆောင်ချက်တွေလည်းရှိပါသေးတယ်.. လိုအပ်တဲ့သူများရှိရင် အောက်ကလင့်မှာ ဒေါင်းယူသွားလိုက်ပါဗျာ အဆင်ပြေကြပါစေနော်.. :D
Download Link>>> ( Zippyshare :: Miloshare :: TusFiles )
Merge two adjacent partitions
Merge two adjacent partitions
This is an example to merge partition D and F, please follow the steps below:
Step 1: Download EaseUS Partition Master, install it, launch it and go to the main screen.
Step 2: Select partition F:, right click it, and then select Merge partition.

Step 3: In this Merge partition window, you should first choose two neighbour partitions: Partition D: and F: in the partition layout.

Step 4: Choose the merge destination: partition D: by selecting a partition label in the drop-down list of "Merge selected partitions to".

Step 5: Click OK, the program will check file system on the partitions.
Step 6: Click Apply, you have successfully merged the partition F into partition D.

Tips:
1. System partition and boot partition can only be set as destination, the same to the partition installed EaseUS Partition Master.
2. Only two neighbour partitions can be merged.
2. Only two neighbour partitions can be merged.
Video Tutorial: How to merge two partitions with EaseUS Partition Master?
Merge two non-adjacent partitions
For example, your computer has four partitions - C, D, E, F. Now C is low disk space while E has much free space. How to merge partition E into partition C to increase system partition (C:) disk space? Following is step-by-step instructions to merge partition E to partition C with EaseUS Partition Master.
1. Backup the data on the partition E.
2. Install this partition software and launch it.
3. Delete the partition E with EaseUS Partition Master.


4. Move the partition D rightwards to let the unallocated space be behind the partition C by "Resize/Move partition".


5. Select the partition C and right click it, select "Resize/Move partition" to extend the partition C.

6. Click Apply. Now you have merged partition E into partition C.

Related Articles:
Thursday, May 29, 2014
ဂျပန်နိုင်ငံ၊ တိုကျိုဖက်ရှင်ရှိုးပွဲမှာ မော်ဒယ်တွေ ဒေါင်လိုက် Catwalk လျှောက်ပြခဲ့
ဂျပန်နိုင်ငံ၊ တိုကျိုဖက်ရှင်ရှိုးပွဲမှာ မော်ဒယ်တွေ ဒေါင်လိုက် Catwalk လျှောက်ပြခဲ့
ဂျပန်နိုင်ငံ၊တိုကျိုမြို့ ဈေးဝယ်စင်တာတစ်ခုကို လာရောက်လည်ပတ်ဝယ်ယူသူတွေဟာ ကမ္ဘာ့ဆွဲငင်အားကို ဆန့် ကျင်တဲ့ ဖက်ရှင်ရှိုးတစ်ခုကို တွေ့ မြင်ခဲ့ရပါတယ်။ Gucci ၀တ်စုံ ၀တ်ဆင်ထားတဲ့ မော်ဒယ်တွေဟာ ၄၂ မီတာမြင့်တဲ့ အဆောက်အဦးမျက်နှာစာမှာ ချထားတဲ့ လျှောက်လမ်းပေါ်မှာ ဒေါင်လိုက် Catwalk လျှောက်ပြ ခဲ့ကြပါတယ်။ မော်ဒယ်တွေရဲ့ ခန္ဓာကိုယ်မှာ ကြိုးတွေနဲ့ ချိတ်ဆွဲပြီး ဒေါင်လိုက် အထက်အောက် အလှလျှောက်ပြ ခဲ့တာပါ။
ဒီအစီအစဉ်ကို Shogakukan Inc. က ဦးစီးကျင်းပတာဖြစ်ပြီး Gucci ရဲ့ ဈေးကွက်မြှင့်တင်ရေး ဖက်ရှင်မဂ္ဂဇင်းဖြစ်တဲ့ Precious ရဲ့ ဆယ်နှစ်ပြည့်အထိမ်းအမှတ်အနေနဲ့ ကျင်းပခဲ့တာဖြစ်ပါတယ်။
Precious ရဲ့ အယ်ဒီတာချုပ် Fukashi Suzuki က အသက် ၄၀ ကနေ ၅၀အရွယ် စာဖတ်ပရိတ်သတ် အမျိုးသမီးတွေရဲ့ ဖက်ရှင်ပိုင်းဆိုင်ရာရွေးချယ်မှုတွေမှာ ပိုမိုရင်ခုန်စရာတွေပြည့်နှက်အောင် အားပေးဖို့  အိုင်ဒီယာကို ရခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
ဒါဟာ လေထဲမှာ ပြုလုပ်တဲ့ ဂျပန်နိုင်ငံရဲ့ ပထမဆုံးဖက်ရှင်ရှိုးပွဲလည်းဖြစ်ပါတယ်။
မြစ်ကြီးနားမြို့ပေါ်တွင် ပြင်းအား ၅ ဒသမ ၉ အဆင့်ငလျင်လှုပ်
မြစ်ကြီးနားမြို့ပေါ်တွင် ပြင်းအား ၅ ဒသမ ၉ အဆင့်ငလျင်လှုပ်
- 30 May 2014
ယနေ့နံနက်
၇ နာရီ ၅၁ မိနစ်က မြစ်ကြီးနားမြို့ပေါ်တွင် ပြင်းအား ၅ ဒသမ ၉ အဆင့်ရှိ
ငလျင်လှုပ်ခတ် သွားကြောင်း သတင်း ရရှိသည်။ အဆိုပါ ငလျင်ကြောင့်
ဒေသတွင်းပျက်စီး ဆုံးရှုံးမှုမရှိကြောင်း ကချင်ပြည်နယ် အစိုးရ အဖွဲ့ရုံး၊
လူမှုဌာနမှသတင်းရရှိပြီး လှုပ်ခတ်ချိန် ၁၅ စက္ကန့်နီးပါးကြာခဲ့ပြီး အဆောက်
အအုံများ သိသိသာသာ လှုပ်ခဲ့ ကြောင်း ပြည်နယ်ရဲတပ်ဖွဲ့ ရဲအုပ်အောင်မျိုးနိုင်
ကပြောသည်။‘‘မြို့ပေါ်မှာရော နယ်ဘက်တွေမှာပါ ပျက်စီးမှုရော၊ လူတွေ ဒဏ်ရာရတာမျိုး မရှိပါဘူး။ အခုတင် သတင်းတက်လာပါတယ်။ ကျွန်တော်တို့လည်း အထက်ကိုဆက်တင်ဖို့ လုပ်နေပါတယ်’’ဟု ရဲအုပ်အောင်မျိုးနိုင်ကပြောသည်။ အဆိုပါငလျင်ကို မန္တလေးမြေငလျင် စခန်းမှ ၂၃၅ မိုင်အကွာ မြစ်ကြီးနားမြို့ အရှေ့တောင်ဘက် ၃၈ မိုင်အကွာကို ဗဟိုပြု၍ ရစ်ခ်ျတာစကေး ၅ ဒသမ ၉ အဆင့်ဖြင့်လှုပ်ခတ်သွားခဲ့ကြောင်း မိုး/ဇလဌာန မြေငလျင်ဌာနက သတင်းထုတ်ပြန်ခဲ့သည်။
အမေရိကန်နိုင်ငံ အခြေစိုက် မြေငလျင်တိုင်း တာရေးဌာန (USGS) က တရုတ်နိုင်ငံ ယူနန်ပြည်နယ် ပန်ယွမ်မြို့မြောက်ဘက် ၁၈ မိုင်အကွာကိုဗဟိုပြု၍ မြေအနက် ၁၀ ကီလိုမီတာမှာ လှုပ်ခတ်ခဲ့ ကြောင်းသတင်းထုတ်ပြန်ခဲ့သည်။ ပညာရပ်ဆိုင်ရာ တိုင်းတာချက်များ အရ မြေပြင်အနက် ၁ ကီလိုမီတာမှ ၃၀ ကီလိုမီတာကြားတွင် လှုပ်ပါက အန္တရာယ်ရှိအဆင့်သတ်မှတ်ထားသောကြောင့် မြန်မာ-တရုတ်နယ်စပ်တွင် ယနေ့နံနက် လှုပ်ခတ်သည့်ငလျင်သည် ပတ်ဝန်းကျင် ဒေသများအတွက် အန္တရာယ်များကြောင်း ငလျင်ပညာရှင် ဦးစိုးမင်းက သတိပေးသည်။
အဆိုပါ ငလျင်သည် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံ နယ်စပ်တွင် အနောက်မြောက်ဘက်မှ အရှေ့တောင်ဘက်အတိုင်း သွယ်တန်းနေသော Red River ဟုခေါ်သည့် ပြတ်ရွေ့ကြော လှုပ်ရှားခြင်းဖြစ်ပြီး မြန်မာနိုင်ငံရှိ စစ်ကိုင်းပြတ်ရွေ့ကြောနှင့် ယှဉ်တန်း လျက်တည် ရှိနေကြောင်း ဘူမိဗေဒပညာရှင် ဦးကျော်ထွန်းကပြောသည်။ မေလ ၂၄ ရက် နံနက်ကလည်း မြစ်ကြီးနားမြို့၏ အရှေ့တောင်ဘက် ၄၅ မိုင်ခန့် အကွာကို ဗဟိုပြု၍ အင်အားရစ်ခ်ျ တာစတေး ၅ ဒသမ ၅ အဆင့်ရှိ အင်အား အသင့်အတင့်ရှိသော မြေငလျင် တစ်ခု လှုပ်ခတ်သွားခဲ့ပြီး နယ်စပ်တစ်လျှောက် နောက်ဆက်တွဲ ငလျင်များ လှုပ်ခတ်နေပါက သတိပြုရန်လို အပ်နေကြောင်း မြန်မာနိုင်ငံ ငလျင်ကော်မတီမှ ဒေါက်တာစိုးသူရထွန်းကပြောသည်။
ဈေးခြင်းတောင်းကပြောတဲ့ ကျွန်ုပ်တို့ အိမ်ရဲ့ကျန်းမာရေး
ဈေးခြင်းတောင်းကပြောတဲ့ ကျွန်ုပ်တို့ အိမ်ရဲ့ကျန်းမာရေး
ဒီနေ့ကစပြီး အမေဈေးက ပြန်လာပြီဆိုရင် ဈေးခြင်း တောင်းကို ကြည့်ဖြစ်အောင် ကြည့်ပါ။ အမေကတော့ ငါ့ယောင်္ကျား ငါ့သား ငါ့သမီး တွေကို ထမင်းစားကောင်းအောင် အသားတွေ အများကြီး ဝယ်လာရင် ဝယ်လာခဲ့ လိမ့်မယ်။
အမေက ဖေ့ဖွတ် မသုံးတော့ ကျန်းမာရေး ဗဟုသုတ နည်းနေရင် နည်းလိမ့်မယ်။ ဒါကြောင့် အမေကို ပြောပါ။ နောက်နေ့ ကစပြီး အသားငါးတွေ ဝယ်တာကို လျော့ပြီး အသီးအရွက်တွေကို များများ
ဝယ်ခဲ့ပါလို့။ အသီးအရွက် တွေက ဆေးတွေနဲ့ လုပ်ထားလို့ မသန့်ရှင်းဘူး ဆိုရင် ရှာလကာရည် အနည်းငယ်နဲ့ ရေစင်အောင် ဆေးကြောပြီး စားပါ။
ညဘက်အိပ်ခါနီး အချိုရေတွေ မုန့်တွေစားမယ့် အစား အသီး အရွက်များ ကိုသာ မှီဝဲပေး ခြင်းကြောင့် စာဖတ်သူတို့ မိသားစုလေး သိသိသာသာ ကျန်းမာရေး ကောင်းလာမှာ ဖြစ်ပါတယ်။ ရှေ့ဆက်ပြီး ဘဝအတွက် အရေးကြီးတဲ့ အလုပ်တွေ လုပ်ဖို့ ကျန်နေသေးတယ် ဆိုရင် ကျန်းမာရေးကို ဂရိုစိုက်ပါ
အာဖရိကမှ ရွှံ့ဖြင့်ပြုလုပ်ထားသော ဗိလျက်ခုံ
အာဖရိကမှ ရွှံ့ဖြင့်ပြုလုပ်ထားသော ဗိလျက်ခုံ
ယခုပုံကတော့ နိုင်ငံခြား လူမူကွန်ရက် တစ်ဝိုက်မှာ ပျံ့နှံ့ပြီး လူကြည့်များနေတဲ့ ပုံတစ်ပုံ ဆိုလည်း မှားမယ် မထင်ပါဘူး။ဘာလို့ဆိုတော့ အာဖရိကနိုင်ငံ တစ်နေရာမှ ရွာသူရွာသား တွေဟာ ဗိလျက်ခုံကို ရွှံများဖြင့် ပြုလုပ်ခဲ့ကြ လို့ပါပဲ။ ဗိလျက်ခုံ အောက်ခံကိုတော့ ဝါး သစ်သား စတာတွေနဲ့ ပြုလုပ်ထားပြီး ဗိလျက်လုံး တွေကတော့ သစ်သီးတွေပဲ ဖြစ်ပါတယ်။
ဗိလျက်ခုံဟာ အမြင်မှာတော့ ကြည့်မကောင်း ပေမယ့်လည်း သူတို့ အတွက်ကတော့ တကယ့် ပျော်ရွှင်စရာ ကစားတစ်ခု ဖြစ်မယ် ထင်ပါတယ်။ လူတွေဟာ မိမိတို့ဘဝအတွက် ပျော်ရွှင်မူတွေကို မရရအောင် ရှာဖွေပြီး နေထိုင် တတ်ကြပါတယ်။
Subscribe to:
Posts (Atom)



